ပရိသတ်သိအောင် ပြောပြလာပါတယ်။

အလင်းရောင်ကတော့ ၂၀၂၀ ခုနှစ်ဟာ သူ့အတွက်တော့ သင်ခန်းစာတွေလည်း အများကြီးရခဲ့တဲ့ နှစ်လို့ဆိုပါတယ်။ 

Photo: ALinn Yaung



သရုပ်ဆောင် အလင်းရောင်ဟာ ကိုဗစ်ကာလကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ဟာ အနုပညာအလုပ်တွေလည်း မလုပ်ရတဲ့ နှစ်ဖြစ်တာကြောင့် သူ့အတွက် သင်ယူစရာတွေ အများကြီး ရှိတဲ့ နှစ်ပါလို့ Duwun ကို ပြောပါတယ်။ 

“ ကိုဗစ်ကာလမှာ စာအုပ်တွေ ဖတ်ဖြစ်တယ်၊ ရုပ်ရှင်တွေ အများကြီး ကြည့်တယ်။ ကျွန်တော့်အတွက် သင်ယူဖို့လိုတဲ့အရာတွေကို သင်ယူဖြစ်နေပါတယ်။ ဒီနှစ် ၂၀၂၀ ကတော့ ကျွန်တော့်အတွက်ရော၊ အကုန်လုံး အတွက်ရော အဆိုးရွားဆုံး နှစ်တစ်နှစ်ပါပဲ။ သင်ခန်းစာတွေ၊ ဘဝအတွေ့အကြုံတွေ အများကြီး ရခဲ့တဲ့ နှစ်တစ်နှစ်လို့တောင် ပြောရမှာပေါ့” လို့ ဆိုပါတယ်။ 

Photo: ALinn Yaung

ကိုဗစ်ကာလ ဖြစ်တာကြောင့် ဖျာပုံမှာနေတဲ့ မိဘနှစ်ပါးကိုလည်း သီတင်းကျွတ် ကာလကို အဝေးကနေသာ ကန်တော့လိုက်ရတယ်လို့ အလင်းရောင်က ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ သီတင်းကျွတ် ကာလက ကျွန်တော်က အဖေနဲ့ အမေနဲ့အတူ မနေဘူး။ မိဘတွေက ဖျာပုံမှာ။ ကျွန်တော်က ဒီမှာဆိုတော့ ကန်တော့တာတောင် မိဘတွေ ဘာစားချင်လဲ၊ ဘာလိုချင်လဲဆိုတာကို သေချာမေးတယ်၊ ဝယ်ပေးတယ်၊ အဝေးကနေ ကန်တော့ဖြစ်ပါတယ်။ အိမ်မှာတော့ ကိုယ်တစ်ယောက်တည်းနေတာ ဖြစ်တဲ့အတွက် အိမ်မှာ မီးလေးတွေ သေချာဆင်ပြီး ဓာတ်ပုံတွေ လျှောက်ရိုက်ဖြစ်ပါတယ်” လို့ သဘောကျရယ်မောရင်း ပြောလာပါတယ်။ 

Photo: ALinn Yaung

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ အခုဆိုရင်တော့ သူက ကိုဗစ်ကာလကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က