စစ်သား နဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ဆိုခဲ့တာပါ။

တိုးကြီး ကတော့ မြန်မာတစ်နိုင်ငံလုံးကို သိစေချင်ခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင် သီချင်းလေးကို The Voice Myanmar (Season 3) ရဲ့ The Knockouts Round မှာ သီဆို ဖျော်ဖြေခဲ့ပြီလို့ ဆိုပါတယ်။ 

Photo: Toe Gyi



The Voice Myanmar (Season3) သီချင်းဆိုပြိုင်ပွဲဝင် တိုးကြီးကတော့ The Knockouts Round မှာ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ "War and Peace" သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့တာတွေ့ရပါတယ်။ ဒီသီချင်းဟာ မြန်မာတစ်နိုင်ငံလုံးကို သိစေချင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ တိုးကြီးက Duwun ကို ပြောပါတယ်။ 

“ ကိုယ်ပိုင်သီချင်းလေးက တစ်တိုင်းပြည်လုံးသိအောင် အရင်ကတည်းက ကျွန်တော် ဆိုချင်နေတဲ့ သီချင်းပါ။ အခုမှ ဆိုတယ် ဆိုတာကလည်း အခွင့်အရေးတစ်ခု ရလို့ပါပဲ။ ကိုယ်ပိုင်သီချင်းဖြစ်တဲ့အပေါ်မှာလည်း ပရိသတ် အားမပေးမှာကို မကြောက်ဘူး ဒီသီချင်းက စစ်သားတွေအတွက်ရယ်၊ ငြိမ်းချမ်းရေးအတွက်ရယ်ဆိုပြီးတော့ မတူညီတဲ့ နှစ်ခုကို ပေါင်းစပ်ပြီးတော့ အကြောင်းအရာတစ်ခုကို ထည့်သွင်းထားတာပါ။ အသိုင်းအဝိုင်းတစ်ခုကို ဖောက်ထွက်လို့ရတဲ့ သီချင်းဖြစ်တဲ့အတွက် ဒီသီချင်းအပေါ် အရင်ကတည်းက ယုံကြည်မှုရှိခဲ့တာပါ” လို့ ဆိုပါတယ်။

 

Photo: Toe Gyi

တိုးကြီးဟာ The Voice Myanmar (Season 3) မှာ ကျားပေါက် Team အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ သီချင်းတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းတွေ အပေါ် ကျားပေါက်ကလည်း အခွင့်အရေးတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

“ ကိုကျားကလည်း ဒီသီချင်းအပေါ်မှာ ဘယ်လိုဆိုပါ ဆိုပြီး ပြောပေးတာမျိုးမရှိခဲ့ဘူး။ ကျွန်တော့်ရဲ့ သီချင်းကို ကျွန်တော်ကိုယ်တိုင် လွတ်လွတ်လပ်လပ် သီဆိုခွင့်ပြုလိုက်တဲ့ ပုံစံပါ။ ဒီသီချင်းကိုလည်း သူကြိုက်တယ်လည်းမပြောဘူး၊ မကြိုက်ဘူးလည်း မပြောဘူး ဒါဟာ ကျွန်တော့်ကို အခွင့်အရေးပေးလိုက်တာပါ။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာတစ်ခုကို ဖန်တီးကွာဆိုတဲ့ သဘောဖြစ်တဲ့အတွက် ကိုကျားကို အရမ်းကျေးဇူးတင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 


Photo: Toe Gyi

တိုးကြီးဟာ The Voice Myanmar(Season 3) ရဲ့ The Knockouts Round ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ အချိန်မှာ တစ်ယောက် တစ်မျိုးစီ ရုန်းကန်နေရတဲ့ အခြေအနေတွေကို လေ့လာသိရှိခဲ့တယ်လို့ ပြောပါတယ်။ တိုးကြီးဟာ သီချင်းဆိုပြိုင်ပွဲ မဝင်ခင်တုန်းက အသံဖမ်း အင်ဂျင်နီယာ တစ်ယောက်အဖြစ် Music Studio မှာ အလုပ်လုပ်နေခဲ့တာလို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က