သရုပ်ဆောင် အရမ်းတော်တဲ့သူပါတဲ့။

ဦးဝင်းမြိုင်ကတော့ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအနေနဲ့ စတင်ခြေလှမ်းနေပြီဖြစ်တဲ့ Beauty Blogger နေခြည်ဦးရဲ့ အရည်အချင်းတွေအပေါ် အခုလို ပြောပြလာပါတယ်။ 

Photo: Win Myaing



ဦးဝင်းမြိုင်ကတော့ တက်သစ်စ သရုပ်ဆောင်တွေထဲမှာမှ နေခြည်ဦးရဲ့ သရုပ်ဆောင်အရည်အချင်းတွေကို ချီးကျူးပြောဆိုလာပါတယ်။ အလုပ်ကို စိတ်ဝင်စားလွန်းတဲ့သူဖြစ်တာကြောင့် အောင်မြင်မှာလို့လည်း Duwun ကနေတဆင့် ပြောခဲ့ပါသေးတယ်။

“ သူနဲ့ ဦးနဲ့ ဇာတ်ကားလေးတွေ အတူတူရိုက်ဖူးပါတယ်။ ရိုက်တဲ့အချိန်မှာ အထိရောက်ဆုံး ပြောရရင်တော့ သူက ကြိုးစားတယ်။ တကယ်ကို နှစ်နှစ်ကာကာ စိတ်ဝင်စားပြီးလုပ်တဲ့အတွက်ကြောင့် သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းတွေက ဝါရင့်သရုပ်ဆောင်တစ်ဦးလိုပဲ လုပ်နိုင်လာတာကိုတွေ့ရတယ်။ ကိုဗစ်သာ မဖြစ်ရင် သူက အခုချိန်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေပါပြီ” လို့သူကဆိုပါတယ်။ 

Photo: Nay Chi Oo

နေခြည်ဦးဟာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ ၊ ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ နဲ့ " အခမ်းနားဆုံး မေတ္တာ" စတဲ့ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားသူတစ်ယောက်ပါ။ ဒီဇာတ်ကားထဲက ကာရိုက်တာတွေ နဲ့ပတ်သက်ပြီးတော့လည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ခဲ့တဲ့ နေခြည်ဦးရဲ့ အိုက်တင်တွေကို ဦးဝင်းမြိုင်က အခုလို ပြောပြခဲ့ပါတယ်။ 

“ သူက သူ့အိုက်တင်ကို သူ ထိန်းမထားဘူး။ ဖွင့်ပြီးတော့ သရုပ်ဆောင်တာဖြစ်တဲ့အတွက် အိုက်တင် ကောင်းတယ်။ ဒါကတော့ ဦးတို့သရုပ်ဆောင်အနေနဲ့ အမြင်တစ်ခုပါ။ ကြိုးစားတဲ့အတွက်ကြောင့် သူက အောင်မြင်လာတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Win Myaing

ဦးဝင်းမြိုင်ကိုတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ဦးအဖြစ် ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူကို ပရိသတ်တွေ အများဆုံး သတိထားမိခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကတော့ မင်းသား၊ မင်းသမီးတွေရဲ့ အဖေ ၊ ဦးလေး၊ အိမ်ထိန်းတော်၊ ရပ်ကွက်ဥက္ကဌ စတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေ သိခဲ့တာပါ။ လက်ရှိမှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဗီဒီယိုဥက္ကဌ တစ်ဦးအနေနဲ့ ဆောင်ရွက်နေတာဖြစ်သလို၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က