အောင်မြင်မှုတွေ ရနေပါပြီ။

နွေးနွေးချစ်ဖွယ်က အနုပညာအလုပ်တွေ ပါးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်မလေအောင် ကိုယ်ပိုင်စီးပွားရေးတစ်ခုကို လက်လှမ်းလိုက်တယ်ဆိုပြီးသူမရဲ့ စီးပွားရေးလုပ်ငန်းအကြောင်း ပြောပြခဲ့ပါတယ်။

Photo: Nway Nway Chit Phwel



နွေးနွေးချစ်ဖွယ်ကတော့ အနုပညာအလုပ်တွေ အားတဲ့အချိန်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီ စီးပွားရေးကလည်း အောင်မြင်မှုရနေပြီလို့ မီဒီယာတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကိုဗစ်ကာလကြောင့် အလုပ်တွေ ပါးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်မလေအောင် ဆိုပြီးတော့ စီးပွားရေးတစ်ခုကို လက်လှမ်းလိုက်တယ်။ အဲဒီစီးပွားရေးကလည်း B&P Brand လေးတစ်ခုရောင်းဖြစ်တယ် မထင်မှတ်လောက်အောင်ကို အောင်မြင်တယ်၊ ပရိသတ်တွေကလည်း နွေးကိုချစ်လို့ အားပေးတယ်။ အဲဒီကနေတဆင့် Brand ရဲ့အရည်အသွေးကလည်း ကောင်းလို့ ထပ်မှာကြတယ်။ ဘယ်လောက်မှ မကြာလိုက်တဲ့ အချိန်မှာ အမြတ်တွေ တော်တော်ရတယ်”ဆိုပြီးတော့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ မင်္ဂလာပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nway Nway Chit Phwel

နွေးနွေးချစ်ဖွယ်အနေနဲ့ ဒီစီးပွားရေးက ရရှိလာတဲ့ ပထမဆုံးအမြတ်ငွေအားလုံးကို သီတင်းကျွတ်ဂါရဝအနေနဲ့ မိခင်ကို ကန်တော့ခဲ့တယ်လို့ သူက ပြောပါတယ်။ 

“ ဒီအလုပ်အသစ်ကနေ ပထမဆုံးရတဲ့ အမြတ်ငွေတွေ အကုန်လုံးကိုလည်း နွေးက မေမေ့ကို ပေးလိုက်တယ်။ ပြောရရင်တော့ သီတင်းကျွတ် ကန်တော့တာပေါ့လေ။ ပုံမှန်ဆို နွေးက ပိုက်ဆံပေးရင် မေမေက အမှတ်ရ တစ်ခုခု လုပ်ပေးတယ်။ အခုက ကိုဗစ်နဲ့ဆိုတော့ သမီးလေး ဒီအချိန်မှာ ပိုက်ဆံက ပိုအရေးကြီးတယ်ဆိုတော့ ဒါဆိုလည်း မေမေ သိမ်းထားပေါ့နော်ဆိုပြီးတော့ အကုန် ကန်တော့လိုက်တာ နွေးမှာတောင် ပိုက်ဆံမရှိတော့ဘူး” လို့ ဆိုပါတယ်။ 

Photo: Nway Nway Chit Phwel

နွေးနွေးချစ်ဖွယ်ကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က