ပညာရေးကို ဆုံးခန်းတိုင်စေချင်တယ်။
Sabal Thwin

နေခြည်ဦးကတော့ သူချစ်ရတဲ့ ညီမငယ်လေး စိမ်းလဲ့ရတနာဟာ နောင်တစ်ချိန်မှာ အနုပညာလောကထဲကို မင်းသမီးတစ်ယောက်အဖြစ် ဝင်ရောက်လာမယ်လို့ သူကဆိုပါတယ်။ 

နေခြည်ဦးရဲ့ တစ်နေ့တာ Vlog လေးမှာ ညီမငယ်လေး စိမ်းလဲ့ရတနာကို ပါ ထည့်သွင်းလာတာ တွေ့ရပါတယ်။ သူ့လိုပဲ ညီမငယ်လေး စိမ်းလဲ့ရတနာကလည်း အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာကြီးတဲ့သူပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ စိမ်းလဲ့လေးကတော့ သူက ဒီလောကထဲကို ခြေဆုံပစ်ဝင်မယ့်သူပါ။ ဆယ်တန်းလေးကျသွားပေမယ့် သူကတော့ စိတ်မပူပါဘူး။ ဒါပေမယ့် နေခြည်တို့က ပညာရေးမပြီးဘဲနဲ့ သူ့ကို မလုပ်စေချင်ဘူး။ ဒါပေမယ့် သူက စာကိုလည်းနေ့တိုင်းလုပ်တယ်၊ ဒါပေမယ့် တခြား Project အကြီးတွေ၊ Brand တွေ လာတဲ့အပေါ်မှာ သူကိုယ်တိုင်ကလည်း လိုလိုလားလား လုပ်ချင်တဲ့အတွက် နေခြည်က လုပ်ပေးဖြစ်တယ်။ သူသာ ပညာရေးပြီးဆုံးသွားရင်တော့ မင်းသမီးလမ်းကြောင်းကိုပဲ သူလျှောက်မှာပါ” လို့ သူကဆိုပါတယ်။ 

photo: Nay Chi Oo

စိမ်းလဲ့ရတနာရဲ့ အနုပညာဝါသနာကို အသက်(၆) နှစ်ကျော်ကတည်းက သတိထားမိခဲ့တာ လို့ နေခြည်ဦးက ဆိုပါတယ်။ ဒီဝါသနာကိုလည်း သူကိုယ်တိုင်က ပံ့ပိုးပေးသွားမယ်လို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ ညီမလေးက ၆ နှစ်၊ ၇ နှစ်လောက်ကတည်းက ပြဇာတ်တွေကတယ်၊ သိုင်းတွေကျင့်တယ် ဆိုတော့ ဒီအလုပ်အတွက် သူက လေ့ကျင့်ပြီးသားတွေဖြစ်နေတော့ သူစလုပ်ခဲ့တဲ့ အချိန်မှာလည်း နေခြည့်ရဲ့ စီမံမှုကို သူလက်ခံတယ်၊ အကောင်းဆုံးတွေချည်းပဲ ဖြစ်ခဲ့တဲ့အတွက် သူ ကံလည်းကောင်းတယ်၊ စန်းလည်း ရှိ တယ်ပေါ့နော်။ ဒါကို ဘယ်လို ဆက်ထိန်းမလဲ၊ ပရိသတ်အချစ်ကို ဘယ်လို သိမ်းပိုက်မလဲ ဆိုတာတော့ သိဖို့ သူ့အသက် ငယ်ပါသေးတယ်။ ညီမလေးကို နေခြည်က နေခြည့်ထက်တောင် ပိုအောင်မြင်စေချင်သေးတယ်။ သူ့ရဲ့ ငယ်ရွယ်မှု၊ နုပျိုမှု၊ ဆယ်ကျော်သက်အလှဆိုတာ ဘယ်လိုမှ ယှဉ်လို့မရဘူးလေ။ အဲဒီအတွက် အများကြီး ပိုဖြစ်စေချင်တယ်၊ သူကလည်း သရုပ်ဆောင်ဖြစ်ချင်တာဆိုတော့ သူနဲ့ ပိုလိုက်မယ်လို့ထင်တယ်။ ဒါကြောင့်လည်း နေခြည့်ထက် ပိုအောင်မြင်စေချင်တာပါ” ဆိုပြီးတော့ နိုဝင်ဘာလ (၁၇) ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လုပ်ခဲ့တဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။
 

photo: Nay Chi Oo

လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က