ဒီလ( နိုဝင်ဘာလ)ထဲမှာ ရိုက်ဖို့ ရည်ရွယ်ထားတာပါ။

သားညီကတော့ ကျော်ကျော်ဗိုနဲ့ ရိုက်ကူးမယ့် “ ဆိပ်ကမ်း” ဇာတ်လမ်းတွဲ အခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Thar Nyi



ဒါရိုက်တာ သားညီကတော့ နိုဝင်ဘာလ အတွင်းမှာ ရိုက်ကူးဖို့ ပြင်ဆင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုကို ကိုဗစ်အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ သူ့ရဲ့ ကိုယ်ပိုင် Production ဖြစ်တဲ့ Mystery Public Production ကနေ ရိုက်ကူးမယ်လို့ သိရပါတယ်။ 

“ အခုတော့ ကျွန်တော်လည်း အိမ်ထဲမှာပဲ နေဖြစ်တယ်။ စာအုပ်တွေ ပိုဖတ်တယ်။ ပြီးတော့ နောက်ရိုက်မယ့် ဇာတ်ကားတွေအတွက် ကြိုတင်ပြင်ဆင်နေတာတွေတော့ရှိတယ်။ ပြီးတော့ ဒီ ၁၁ လပိုင်းမှာ ကိုကျော်ကျော်ဗိုနဲ့ ရိုက်မယ့် “ ဆိပ်ကမ်း” ဆိုတဲ့ ဇာတ်လမ်းတွဲ တစ်ခုပေါ့ ဒါကလည်း ရိုက်ဖို့ တည်ထားတာ ကြာပြီ ကိုဗစ်ကြောင့် အဆင်မပြေခဲ့တာပေါ့။ ဒါကို ကျွန်တော်တို့ ကုမ္မဏီကပဲ ရိုက်မှာပါ။ အခုလည်း ရိုက်ဖို့ အဆင်မပြေသေးတဲ့အတွက် ဇန်နဝါရီလောက် ရိုက်ဖို့တော့ ရည်မှန်းထားပါတယ်” လို့ ဆိုပါတယ်။ 

Photo: Thar Nyi

သားညီဟာ Stay Home ကာလဖြစ်တာကြောင့် သူကိုယ်တိုင်လည်း အိမ်မှာပဲနေတာများတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သီတင်းကျွတ်မှာတော့ အွန်လိုင်းပေါ်ကနေ ကန်တော့ခံလိုက်ရတာများတယ်လို့လည်း သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

“ ဒီနှစ် သီတင်းကျွတ်ကတော့ အွန်လိုင်းပေါ်ကနေ ကန်တော့ခံရတာ များတယ်ခင်ဗျ။ အိမ်ကိုတော့ ကျွန်တော့် ညီအစ်ကိုတွေဖြစ်တဲ့ ကင်မရာမန်းတွေက လာကန်တော့ကြတယ်။ စတာပါ။ အခုတော့ တတ်နိုင်သမျှ အိမ်ထဲမှာပဲ တတ်နိုင်သမျှနေပါ၊ မဖြစ်မနေမှသာ လမ်းထွက်စေချင်ပါတယ်။ အပြင်သွားရင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပေးဖို့ မှာချင်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Thar Nyi

သားညီဟာ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး၊ အဆိုတော် ကျော်ဟိန်းရဲ့ တူ၊ နိုင်ငံကျော် ရုပ်ရှင်မင်းသား ဒွေးရဲ့ ညီ တစ်ယောက်ဖြစ်ပါတယ်။ အနုပညာမျိုးရိုး ရှိသူတစ်ယောက် ဆိုလည်း မမှားပါဘူး။ သူဟာ အနုပညာလောကထဲ မဝင်ခင်က ဂီတကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် စားသောက်ဆိုင်တွေမှာ သီချင်းတွေလည်း ဆိုခဲ့ဖူးတာဖြစ်ပြီး ဦးကျော်ဟိန်း နဲ့ ဒွေး တို့ရဲ့ လက်တွဲခေါ်မှုကြောင့်သာ သရုပ်ဆောင် လောကထဲကို ရောက်ရှိလာခဲ့တာလို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က