နောက်ခံမရှိဘဲ အနုပညာအလုပ်လုပ်လို့မရတော့ဘူး။

ကိုကိုဦးက “ အခုခေတ်မှာ အနုပညာဝါသနာပါတဲ့သူတွေကလည်း အနောက်ကနေ စီးပွားရေးဖြစ်ဖြစ်၊ အထောက်အပံ့ တစ်ခုခုရှိမှသာလျှင် အနုပညာကို လုပ်လို့ရမယ်” ဆိုပြီး လက်ရှိအနုပညာလောကထဲမှာ ရုန်းကန်နေရတဲ့ အကြောင်းကို ပြောပြလာပါတယ်။ 

Photo: Thi ha Aung



လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့ သားဖြစ်သူ သီဟအောင်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာပါပြီ။ ခေတ်ကာလအရ အနုပညာလောကထဲမှာ ရုန်းကန်ရတဲ့ အခက်အခဲတွေကို ကိုကိုဦးက Duwun ကနေ အခုလို ပြောပြခဲ့ပါတယ်။  

“ အနုပညာနဲ့ ပတ်သက်လာရင် ဦးလေးတို့က ဟိုးအရင်ကတည်းကနေ ဒီအချိန်ထိ ရုန်းကန် ခဲ့ရတော့ အနုပညာက တော်တော် ဂယက်ရိုက်ပါတယ်။ အခုခေတ်မှာ အနုပညာဝါသနာပါတဲ့သူတွေကလည်း အနောက်ကနေ စီးပွားရေးဖြစ်ဖြစ်၊ အထောက်အပံ့ တစ်ခုခုရှိမှသာလျှင် အနုပညာကို ဝါသနာပါတာလေးပဲ လုပ်လို့ရမယ်။ ဒါကို စီးပွားဖြစ် ရုန်းကန်လို့တော့ မရဘူး။ အခုခေတ်မှာ စီးပွားရေးမရှိပဲနဲ့ အနုပညာအလုပ်ကို လုပ်လို့မရဘူး။ ဒါကြောင့်လည်း သားလေးကို ကြိုတင်ပြင်ဆင်ခိုင်းထားတာပါ” လို့ သူကဆိုပါတယ်။ 

Photo: Thi ha Aung

လက်ရှိမှာတော့ Stay Home ကြောင့် အလုပ်တွေ နားနေရတဲ့ သားဖြစ်သူကို နောက်ထပ်ဘာသာစကားတွေ လေ့လာနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ကိုကို ဦးက ပြောပါတယ်။ 

“ သူ့ရဲ့ ရှေ့ဆက်သွားမယ့် Plan က ဦးလေးတို့တောင် မသိရဘူး။ သူ့ကိုတောင် ပြောဖြစ်သေးတယ် ငါ့သား ခြေလှမ်းတွေ ပျောက်နေတယ်ပေါ့။ သူမှရယ်လို့မဟုတ်ဘူး တကယ် အနုပညာကို ဝါသနာပါတဲ့ ကလေးတွေ အားလုံးက အနုပညာနဲ့ ပတ်သက်တဲ့ ခြေလှမ်းတွေ တော်တော်များများ ပျောက်နေကြတယ်။ အဲဒီအပေါ်မှာ စိတ်ဓာတ်မကျဖို့၊ သူ့ကိုလည်း အွန်လိုင်း Class လေးတွေ တက်ဖို့ လုပ်ပေးထားတယ်။ အနုပညာအလုပ်ကို ဝါသနာပါရင် ကြိုးစားထားပေါ့။ သူကတော့ ဘယ်အချိန်၊ ဘယ်အထိ သွားမလဲတော့ မသိဘူးပေါ့”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Thi ha Aung

ကိုကိုဦးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သားဖြစ်သူ သီဟအောင်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တစ်ဦးအနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က