ကလေးအတွက်ပဲ ခေါင်းထဲမှာ အပြည့်ရှိတယ်။

ဆန်းသစ်လကတော့ မိခင်တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ သမီးလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်လေးကို ပြောပြခဲ့ပါတယ်။ 

Photo: San Thit La



ဆန်းသစ်လကတော့ အခုဆိုရင် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ မိခင်ဖြစ်လို့နေပါပြီ။ သမီးလေးကိုတော့ မွေးကင်းစမှာကတည်းက Apple လို့ အမည်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ Apple လေးဟာ (၂) လပြည့်တော့မှာဖြစ်ပြီး သမီးလေးကြောင့်လည်း အများကြီး ပြောင်းလဲလာတယ်လို့ ဆန်းသစ်လက Duwun ကို ပြောခဲ့ပါတယ်။ 

“ ကိုယ်က မိခင်တစ်ယောက်ဖြစ်လာပြီဆိုတော့ ပြောင်းလဲမှုကတော့ အများကြီးပဲပေါ့နော်။ ကလေးနဲ့ ပတ်သက်ပြီးဂရုစိုက်ရမယ့် အရာတွေကလည်း အများကြီးပဲ၊ သူ့ကို လုပ်ပေးချင်နေတာတွေရော ခေါင်းထဲမှာ အပြည့်ပါပဲ။ အခုက ကိုဗစ်ကာလဆိုတော့ သူ့ကိုပဲ ပိုဂရုစိုက်ပြီး စိတ်ပူနေရတယ်။ သူက အခုလာမယ့် (၂၃) ရက်နေ့ဆိုရင် (၂) လပြည့်ပါပြီ။ အိမ်ခေါ်နာမည်အနေနဲ့ Apple လေးလို့ ပေးဖြစ်တာက သူမွေးတုန်းက မျက်နှာလေးကလေ နီရဲပြီးတော့ ချစ်စရာလေး။ ပန်းသီးလေးနဲ့တူလို့ Apple လေးလို့ နာမည်ပေးဖြစ်နေတာပါ” လို့ဆိုပါတယ်။ 

Photo: San Thit La

ဆန်းသစ်လဟာ သူ့ရဲ့ သမီးလေး ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်မှာ အမြဲတင်ပေးလေ့ရှိပါတယ်။ သူမကိုလည်း ချစ်ခင်သလို သမီးငယ် Apple လေးကိုလည်း ချစ်ကြတဲ့ ပရိသတ်တွေကြောင့် အရမ်းပီတိဖြစ်ရတယ်လို့ သူက ဆိုပါတယ်။ 

“ Apple က အရမ်းလိမ္မာတဲ့ ကလေးပါ။ သူက ၂ လသာပြောတာ။ ၂ လနဲ့တောင်မတူဘူး သူသိနေ၊ တတ်နေသလိုပဲ။ နေ့နဲ့ညတောင်မမှားဘူး။ အိပ်ချိန်တွေဆိုလည်း သူအိပ်တယ်။ (၂) ခါ၊ (၃)ခါလောက်ပဲ သူ့ကို ထပြီးတော့ နို့တိုက်ရတာပဲရှိတာပါ။ သူ့ကြောင့်လည်း အမေဖြစ်သူက ပင်ပန်းရတယ်ဆိုတာမျိုးမရှိတော့ အခုအရွယ်ကတည်းက တကယ်ကို လိမ္မာတဲ့ ကလေးလေးပါ။ အခုဆိုရင် သူ့ရဲ့ ပုံလေးတွေကို ညီမက တင်လိုက်ရင် Comment ကနေ လာပြီး ချစ်ပေးကြတဲ့ ပရိသတ်တွေလည်းအများကြီး ရှိတော့ပျော်တယ်။ ရွှေလကိုလည်း ချစ်သလို သမီးလေးကို ပိုချစ်ကြတော့ ပိုပျော်တာပေါ့လေ။ ဒီပျော်ရွှင်မှုက မိခင်တိုင်းဖြစ်တတ်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: San Thit La

ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က