သူလည်း ဈေးရောင်းနေတယ်လို့ဆိုပါတယ်။

ဖြိုးကျော်ထိုက်ကတော့ ဂီတလှုပ်ရှားမှုတွေ မရှိတဲ့အချိန်မှာ မိသားစု စားဝတ်နေရေး အခက်အခဲကိုဖွင့်ဟ ပြောပြခဲ့ပါတယ်။ 

Photo: Phyo Kyaw Htike



အဆိုတော် ဖြိုးကျော်ထိုက်ကတော့ ဇနီး၊ သားသမီး နှစ်ယောက်နဲ့အတူ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားတာပါ။ ကိုဗစ်ကာလကြောင့် စားဝတ်နေရေး အဆင်ပြေတဲ့ အချိန်မှာ ဈေးရောင်းနေရသလို ဇနီးဖြစ်သူကလည်း စက်ချုပ်နေတယ် ဆိုပြီးတော့ လက်ရှိ မိသားစုရုန်းကန်နေရတဲ့ အခက်အခဲလေးကို Duwun ကနေ ပြောခဲ့ပါတယ်။ 

“ အခုချိန်မှာ စားဝတ်နေရေး ပြေလည်တဲ့ လူတွေနဲ့ မပြေလည်တဲ့သူတွေဆိုပြီးရှိတယ်။ ကျွန်တော်ကတော့ မပြေလည်တဲ့သူတွေထဲမှာပါတယ် ဒါကြောင့် ဈေးရောင်းနေရတာပေါ့ တစ်နေ့ကိုမှ ၅၀၀၀ ပဲရတာ။ တစ်ခါတလေ ၅၀၀၀ တောင်မရဘူး။ မိန်းမက စက်ချုပ်တယ်၊ မိန်းမ စက်ချုပ်တဲ့ အတိုင်းအတာမှာ ဘာမှ မဖြစ်လာဘူးဆိုရင် မနေ့က ကျန်တဲ့ဟင်းနဲ့ ထမင်းစားရတယ်။ အိမ်မှာ စားစရာမရှိရင် အမေက အိမ်မှာ ဟင်းလာယူ၊ သူ့အိမ်မှာ ဟင်းမရှိရင်နေပါစေ သားသမီးအိမ်အတွက် ဟင်းတစ်ခွက် အမြဲပေးလေ့ရှိတယ်။ အဲဒီလို ဘဝဖြစ်နေတာပါ။ မိဘရှိလို့ ကံကောင်းတယ်ပေါ့ဗျာ” လို့ သူက ဆိုပါတယ်။ 

Photo: Phyo Kyaw Htike

မိသားစုရဲ့ စားဝတ်နေရေးအခက်အခဲ တချို့ကို ဖြေရှင်းပေးတဲ့ မိခင်ဖြစ်သူကိုလည်း ဖြိုးကျော်ထိုက်က ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလို အခက်အခဲဖြစ်နေချိန်မှာ သမာအာဇီဝကျတဲ့ အလုပ်ကို လုပ်နေရတာ စိတ်ဓာတ်ကျဖို့ မလိုဘူးလို့ ဆိုပါတယ်။ 

“ ဒီခေတ်ကြီးမှာ ဘယ်သူမှ အဆင်ပြေတာ မဟုတ်ဘူးလေ။ ကျွန်တော်ဆိုလည်း မိဘကျေးဇူးဆိုတာကို အမေ့ရဲ့ ခြေဖဝါးအောက်က မြူမှုန် တစ်မှုန်စာလောက်ပဲ ကျေသေးတယ်လို့မြင်တယ်။ မပြေလည်တဲ့ အတွက်ကြောင့်လည်း စိတ်ဓာတ်ကျနေစရာတော့ မလိုဘူး။ သမာအာဇီဝကျကျ အလုပ်လုပ်တယ်။ ဘဲဥနဲ့ စားရ စားရ၊ ငါးပိရည်နဲ့ စားရ စားရ၊ ကန်စွန်းရွက်နဲ့ စားရ စားရ အဓိက ကတော့ ဗိုက်ပြည့်ဖို့ပဲ။ စိတ်ဓာတ်ကျနေစရာလည်း မလိုဘူး။ အဆင်ပြေအောင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း များများရစေချင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက်ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်သလို Single Song တွေလည်း အများကြီး ထွက်ရှိခဲ့တာ တွေ့ရပါတယ်။ သူကိုယ်တိုင် သီဆိုထားတဲ့" သစ္စာမရှိတဲ့ သစ္စာ" ဆိုတဲ့ သီချင်းက ဖြိုးကျော်ထိုက်အတွက်တော့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီနောက် The Voice Myanmar ( Season 3) ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပြီး The Knockouts Round မှာတင် နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က