သူ့ရဲ့ အတွေ့အကြုံတွေ ပြောပြခဲ့ပါတယ်။

G ကတော့ အချစ်ရေးနဲ့ ပတ်သက်လာရင် ရင့်ကျက်သွားရလောက်တဲ့အထိ အတွေ့အကြုံရခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: G Vocals



ရွှေနန်းတော် ပိုင်ရှင်ရဲ့ မျိုးဆက်သစ်တစ်ဦးဖြစ်တဲ့ အဆိုတော် G ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေကို ဝေမျှခဲ့ပါတယ်။ ငယ်စဉ်က အချစ်တစ်ခုကို ဘဝကြီးလို့ ထင်ခဲ့ပေမယ့် အခုချိန်မှာ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်နေပြီလို့ Duwun ကို ပြောပြလာပါတယ်။ 

“ အသည်းကွဲတာကလည်း ခဏခဏ အသဲကွဲနေတာဆိုတော့ မသိဘူး။ အသည်းကွဲတော့လည်း တစ်ယောက်တစ်မျိုးစီက ပညာရတယ်၊ အသည်းကွဲတာများတော့လည်း ပိုရင့်ကျက်လာတာပေါ့။ ပထမဆုံး အသည်းကွဲတုန်းက ပညာရတယ် ဆိုတာ ငယ်ငယ်တုန်းက ချစ်ရင် အကုန်လုံးပေးတယ်ကွာ သူဘယ်လောက်ပဲ ကိုယ့်အပေါ် မကောင်းပါစေ ဆက်ချစ်မယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့် အသက်ကြီးလာတဲ့ အချိန်မှာ အဲဒါတွေက ချစ်တာတစ်ခုတည်းနဲ့ မပြီးဘူး။ တစ်ခါတလေ ကိုယ်ချစ်တဲ့သူတွေက ကိုယ့်ကို ပျော်အောင်မထားဘူးဆိုရင် ကိုယ်အဲဒီလူလောက် မချစ်တဲ့သူနဲ့ ပျော်အောင်နေမယ်လို့ ဆုံးဖြတ်တယ်ပေါ့။ ငယ်ငယ်တုန်းကတော့ အချစ်တစ်ခုတည်းနဲ့တင် တစ်ဘဝကြီးဖြစ်နေတာ အသက်ကြီးလာတော့ အဲဒီလို မဟုတ်တော့ဘူးပေါ့” လို့ ဆိုပါတယ်။ 

Photo: G Vocals

G အနေနဲ့ သူမရဲ့ အချစ်ရေးကို ကံကောင်းတဲ့ဘက်ကို တွေးထားတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အသက်(၂၁) နှစ်သာ ရှိသေးတဲ့ သူမဟာ အိမ်ထောင်ရေးဆိုတာကို အသက်(၃၀) ကျော်မှသာ စဉ်းစားမယ်လို့ ဆိုပါတယ်။ 

“ အချစ်ရေးက ကောင်းတဲ့ဘက်က တွေးရင်ကောင်းတာတွေရှိတယ်။ သိသိသာသာ ကံဆိုးနေတာ တွေ့ရင်တော့ ဘယ်သူက ကံဆိုးချင်မလဲနော်။ ဒါပေမယ့် ကံကောင်းတာကတော့ ပိုရင့်ကျက်သွားတာ က ပညာရတယ်။ အခုစဉ်းစားရင်တော့ ယောက်ျားယူဖို့ မစဉ်းစားဘူး။ အသက်(၃၀) ကျော်မှ တစ်ယောက်တည်း အထီးကျန်လို့ ယောက်ျားယူချင်လည်း ယူမှာပေါ့နော်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အသက်အရွယ်အလိုက် စိတ်ကူးပြောင်းလာတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့နော်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: G Vocals

G ရဲ့ နာမည်အရင်းကတော့ သက်ရတနာကျော်ဝင်းလို့ခေါ်ပါတယ်။ သူဟာ အဆိုတော် ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမ အရင်းဖြစ်သလို ရွှေနန်းတော် ပိုင်ရှင်တွေရဲ့ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပါတယ်။ အဲဒီနောက် The Voice Myanmar ( Season 3) ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပြီး The Knockouts Round မှာတင် နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။ လက်ရှိမှာတော့ သူမဟာ ရှင်သန်ရေး ကူညီမှု အသင်းနဲ့ လက်တွဲပြီး ပရဟိတအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က