ဘုရင်မပဲ ဖြစ်စေချင်တယ်။

ဝါရင့်သရုပ်ဆောင်ကြီး အမေ ဒေါ်နွဲ့နွဲ့စန်းကတော့ သရုပ်ဆောင် နန်းဆုရတီစိုး ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။ 

နန်းဆုရတီစိုးကတော့ နိုဝင်ဘာလ (၂၂) ရက်နေ့တုန်းက အမေများအဖွဲ့အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ အလှူလုပ်ခဲ့ပါတယ်။ ဒီအလှူမှာတော့ အမေ ဒေါ်နွဲ့နွဲ့စန်းက သရုပ်ဆောင် နန်းဆုရတီစိုးကို အိမ်ထောင်မပြုစေချင်တဲ့အကြောင်း မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 



“ နန်းဆုကို ဖြစ်စေချင်တာကတော့ ဒီအတိုင်းလေးပဲရှိနေစေချင်တယ်။ ဘေးနားက အကပ်တွေနဲ့ကို မကြည့်ချင်ဘူး။ ဒါကြောင့် ဘုရင်မကြီးပဲလုပ်ပါ၊ မိဘုရားမလုပ်ပါနဲ့လို့ ပြောချင်ပါတယ်၊ မင်းသမီးတွေ ယောက်ျားရရင် သူတို့အမေတွေက မငိုပေမယ့် အမေကတော့ စိတ်မကောင်းဖြစ်တယ်။ နှမြောလွန်းလို့ပါ။ သူတို့ရဲ့ အလှတွေ၊ အချိန်တွေ နှမြောရတယ်။ ဒီအတိုင်းလေးပဲ နေပါ သမီးရယ်၊ နန်းဆုကို ဘုရင်မပဲ လုပ်စေချင်တယ်” လို့ ဆိုပါတယ်။ 

အနုပညာရှင်တစ်ယောက်အနေနဲ့ အိမ်ထောင်ရေး ခိုင်မာဖို့မလွယ်တဲ့အကြောင်း ဒေါ်နွဲ့နွဲ့စန်းက ဆိုပါတယ်။ ချစ်သူ၊ အိမ်ထောင်မရှိမှသာ အနုပညာအလုပ်ကို လွတ်လွတ်လပ်လပ် ကြိုးစားလို့ရမှာလို့လည်း သူက ပြောပါတယ်။ 

“ အနုပညာသမားက ဒါလုပ်စားမယ်ဆိုရင် လွတ်လွတ်လပ်လပ် လုပ်စားမှ အဆင်ပြေတာ။ တချို့ မင်းသား၊ မင်းသမီးတွေ အိမ်ထောင်ရေးပြိုကွဲတယ်ဆိုတာ နားလည်မပေးနိုင်ကြလို့ ပြိုကွဲတာ။ အမေတို့မှာ အလှတွေပြင်ရ၊ မီးထိုးတာတွေခံရ၊ ဒိုင်ယာလော့တွေလည်း ကျက်ရ ဆိုတော့ အိမ်ပြန်တဲ့အခါ ပင်ပန်းတာပေါ့။ဒါကြောင့် နန်းဆုကို မယူစေချင်တာ။ မင်းသမီးက ယောက်ျားယူလည်း ယောက်ျားလုပ်စာ ထိုင်ပဲ စားရမယ်၊ ဒီအတိုင်းပဲ ထိုင်စားရမယ်” ဆိုပြီးတော့ နိုဝင်ဘာလ (၂၂) ရက်နေ့က နန်းဆုရတီစိုးရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ဒေါ်နွဲ့နွဲ့စမ်းကတော့ အဖြူအမဲ ရုပ်ရှင်ခေတ်ကတည်းက အနုပညာအလုပ်တွေ လုပ်ဆောင်လာတဲ့သူဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ်သာမက အငြိမ့်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပါ အောင်မြင်ကျော်ကြားသူ တစ်ယောက်ပါ။ ပြည်ပနိုင်ငံမှာ ပထမဆုံး သွားရောက်ကပြခဲ့ရတဲ့ အငြိမ့်မင်းသမီးဖြစ်လို့ ဘိလပ်ပြန် နွဲ့နွဲ့စန်း လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၆၀ ကျော်ရှိပါပြီ။ ဒီနေ့ ဒီအချိန်ထိ အနုပညာအလုပ်တွေ လုပ်နေတဲ့ ဝါရင့် မင်းသမီးချောကြီး တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က