ကလေးတွေနဲ့ သံယောဇဥ် ဖြစ်နေပြီ။

သူမရဲ့ ဂေဟာမှာ မွေးထားတဲ့ ကလေးလေးတွေကို မွေးစားဖို့ လာတောင်းတဲ့သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Photo: Khine Hnin Wai



ခိုင်နှင်းဝေရဲ့ ဂေဟာမှာရှိတဲ့ ကလေးတွေကို မွေးစားဖို့ လာတောင်းကြသူတွေ အများကြီးပဲပါတဲ့။ သူမအနေနဲ့ သူမရဲ့ကလေးတွေကို ပေးမယ့်အစား အပြင်မှာ အဆင်မပြေလို့ ကလေးလာပေးချင်တဲ့ သူတွေနဲ့ တိုက်ရိုက် ချိတ်ပေးတာမျိုးပဲ လုပ်ပေးနိုင်ပြီး သူမကိုယ်တိုင် သားသမီးအရင် တဖွယ် မွေးထားတဲ့ ကလေးလေးတွေကိုတော့ သူများရဲ့ လက်ထဲကို မထည့်ပေးနိုင်ဘူးလို့ ဆိုပါတယ်။ 

“ အစ်မကတော့လေ ကလေးကို ဆင်းရဲပါစေ၊ ချမ်းသာပါစေ မိဘအရင်းနဲ့ နေရတာ အကောင်းဆုံးပဲ။ တချို့သူတွေကတော့ ကလေးမွေးစားဖို့အတွက် လာတောင်းတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် အစ်မကလေးတွေကို မပေးနိုင်ဘူး။ သံယောဇဉ်ကလည်း ဖြစ်နေပြီ တကယ်လို့ အစ်မ မနိုင်မနင်းဖြစ်နေပြီဆိုရင် မွေးစားချင်တဲ့သူနဲ့ ကလေးပေးချင်တဲ့ သူကို ချိတ်ပေးလိုက်မယ်။ ဒါက ကုသိုလ်ယူတာပါ။ အခုကလည်း အစ်မဆီမှာရှိတဲ့ ကလေးတွေကိုပဲ လာတောင်းတော့ ဒီကလေးတွေကိုတော့ မပေးနိုင်ဘူး” လို့ သူကဆိုပါတယ်။ 

Photo: Khine Hnin Wai

ခိုင်နှင်းဝေဟာ သူမရဲ့ ဂေဟာမှာရှိတဲ့ ကလေးတွေကို အရမ်းချစ်သလို သံယောဇဉ်လည်း ရှိတာကြောင့် ကံကောင်းကြတာလို့ ဆိုပါတယ်။ ကလေးတွေ ကံကောင်းတယ်ဆိုတိုင်း လိမ်ဆင်တွေနဲ့ လာပေးကြတဲ့ မိဘတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ 

“အစ်မဆီမှာ ရှိရင်တော့ ကံကောင်းတယ်လို့ ပြောကြတာပဲ ဒါကလည်း ဟုတ်တယ်လေ အစ်မက ကလေးတွေကို ချစ်တာကိုး။ တချို့ လွဲမှားတဲ့ ကံကောင်းခြင်းတွေကျတော့ အစ်မဆီမှာရှိရင် ကံကောင်းမှာပဲ ဆိုပြီးတော့ အစ်မကိုပဲ လာပေးချင်နေတာတော့ မဖြစ်သင့်ဘူး။ အစ်မက ကလေးခေါ်ရင် တော်ရုံတန်ရုံမခေါ်ဘူး။ တချို့ကျတော့ လိမ်ဆင်တွေ လာကြတယ်။ ကလေးတွေက အသက်ကြီးလာတဲ့အခါ သူတို့ ဘာကြောင့် ဒီလိုနေရတာလဲ မေးလာရင် အစ်မက ပြန်ဖြေဖို့အတွက် အခုကတည်းက တွေးထားပြီးသား။ ကလေးတွေ အရွယ်ရောက်လာမှ ပြန်လာခေါ်ရင် အစ်မက ပေးလိုက်ရလို့ ကိစ္စမရှိဘူး ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ ရင်ထဲမှာ စိတ်ရိုင်းဝင်သွားတတ်တယ်။ ဒါကြောင့် ကလေးကို မွေးပြီးတိုင်းလည်း လာမပေးပါနဲ့ ကံကောင်းတယ်ဆိုတဲ့ အယူအဆက လွဲမှားနေတယ်လို့ အစ်မ မြင်ပါတယ်။ လာပေးတဲ့ ကလေးတိုင်းကို မွေးရမယ်ဆိုရင် ကလေးပေါင်း ထောင်ချီနေလောက်ပြီ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Khine Hnin Wai

ခိုင်နှင်းဝေဟာ ကိုဗစ်ကာလမှာ သူမရဲ့ ရင်သွေးလေးများ ရိပ်မြုံက ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ သူမရဲ့ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က