အသက်(၄) နှစ်သာ ရှိပါသေးတယ်တဲ့။

နိုင်လူကတော့ “ သူအမူအရာလုပ်နေရင် အစ်ကိုတို့က တိတ်တိတ်လေး ချောင်းကြည့်ရတာ” ဆိုပြီးတော့ သမီးငယ်လေး ခေတ်ဆည်းဆာရဲ့ အနုပညာဝါသနာလေးတွေအကြောင်းပြောပြလာပါတယ်။ 

နိုင်လူကတော့ ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်ပိုင်မိသားစု ဘဝလေးကို တည်ဆောက်ထားသူဖြစ်ပါတယ်။ သူ့လိုပဲ အနုပညာအလုပ်ကို ဝါသနာပါသူကတော့ အငယ်ဆုံး သမီးလေး ခေတ်ဆည်းဆာပါ။ ခေတ်ဆည်းဆာရဲ့ အနုပညာပိုးအပေါ် ဖခင်ဖြစ်သူ နိုင်လူက Duwun ကနေ အခုလို ပြောပြခဲ့ပါတယ်။ 



“ သမီးလေးက အစ်ကို့သွေး အပြည့်ပါတယ်လို့ပြောလို့ရတယ်။ ဒါကြောင့် အနုပညာနဲ့ ပတ်သက်လာရင် သူက အခုကတည်းက ဝါသနာပါတယ်။ သမီးအလတ်မလေးကတော့ Dancer လုပ်တာ ဝါသနာပါတယ်။ အငယ်ဆုံးလေးက သရုပ်ဆောင် လုပ်တာ ဝါသနာပါတယ်။ တစ်ခါတလေကျရင် Tik Tok တွေ ဆော့တယ်၊ အလွမ်းအဆွေး အမူအရာတွေ လိုက်လုပ်တယ်။ တစ်ခါတလေကျရင် သူအမူအရာလုပ်နေရင် အစ်ကိုတို့က တိတ်တိတ်လေး ချောင်းကြည့်ရတာ။ (၄) နှစ်ဆိုတော့လည်း သူ့အရွယ်မှာ သိတဲ့အရာလေးတွေကို သူလိုက်လုပ်ကြည့်တာပေါ့နော်။ သူ့ကို ဘာဖြစ်ချင်တာလဲ သမီးလေးဆိုရင် သရုပ်ဆောင်ရော၊ အဆိုတော်ရော ဖြစ်ချင်တယ်လို့ သူက ပြောတယ်” လို့ ဆိုပါတယ်။ 

ခေတ်ဆည်းဆာလေးရဲ့ ဓာတ်ပုံတွေကို နိုင်လူက မကြာခဏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်။ သမီးလေးကို ချစ်တဲ့ ပရိသတ်တွေလည်း အများကြီးရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ခေတ်ဆည်းဆာ ကိုယ်တိုင်ကလည်း အသက်(၄) နှစ်အရွယ်လေးနဲ့ အရမ်းသိ၊ အရမ်းတတ်လွန်းတယ်လို့လည်း နိုင်လူက သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

“ သူတို့ခေတ်ကျရင်တော့ အနုပညာလောက က ဘယ်လိုအခြေအနေဖြစ်လာမလဲ မသိဘူးပေါ့နော်။ သူ့ကို မွေးတာက Super Moon Day မှာ မွေးတယ်။ နှစ်ပေါင်း(၇၅) နှစ်မှာမှ တစ်ကြိမ်ဖြစ်တဲ့ လပြည့်ပေါ့နော်။ မွေးတုန်းကလည်း ၈ ပေါင်နဲ့ မွေးတယ်။ သူက အသားငါးထက် ပင်လယ်စာ စားတာများတယ်။ အခုဆို သူက ပေါင်(၄၀) ရှိလာပြီဆိုတော့ သူ့ကို ဝိတ်ထိန်းဖို့ထက် သူက သူ့ဘာသာ ဝိတ်ချနေတာတဲ့။ ညဘက်ဆို သိပ်အစားမစားဘူးတဲ့ အဝလွန်မှာစိုးလို့တဲ့။ ဒီလောက်အထိ အတက်လွန်နေတော့ ပြောရခက်တယ်။ သူ ဗိုက်ခေါက်တွေထွက်မှာစိုးလို့ ညဘက်ကျရင် သံပုရာရေဖျော်ပေးပါလို့ပြောတယ်။ တစ်ခါတလေ သူ့ဆီကနေ နည်းလမ်းတွေ ပြောတောင်းနေရတယ်” လို့ သူက ဆိုပါတယ်။ 

သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က