အနေအထိုင်ဆင်ခြင်ရင်းနဲ့ဖြစ်တာ။

နေလင်းကတော့ ဧရာ ကိုဗစ်စင်တာမှာ ဆေးကုသမှု ခံယူရင်း သူတတ်နိုင်တဲ့ဘက်ကနေ Volunteer တစ်ယောက်အနေနဲ့ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ 

Photo: Nay Linn



ဇာတ်ပို့သရုပ်ဆောင် နေလင်းကတော့ ဒီနေ့မှာပဲ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အပြင်ကို မထွက်ပေမယ့် အပြင်မှာ ဈေးဝယ်ထွက်တာမျိုးတော့ရှိတယ်လို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မိတာကြောင့် ကိုဗစ်ပိုး ရှိမရှိ သွားစစ်ဆေးလိုက်တာလို့ Duwun ကို ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော် ကိုဗစ် Positive ဖြစ်တဲ့အတွက် အခု ဧရာစင်တာကို ရောက်နေပါတယ်။ ကျွန်တော်က အိမ်မှာပဲနေတာများတဲ့သူပါ ဒါပေမယ့် ဈေးကိုတော့ (၃) ရက်တစ်ခါ သွားဝယ်တယ်။ အိမ်ကိုလည်း ဧည့်သည်အလာခံတဲ့သူမဟုတ်ဘူး။ ရေသန့်လာပို့ရင်တောင်မှ ရေသန့်ဗူးကို အခန်းအပြင်မှာထားပြီး ပိုးသတ်ဆေးဖြန်းပြီးမှ အိမ်ထဲထည့်တာ။ အိမ်မှာက လူကြီးတွေရှိလို့ ပိုဂရုစိုက်ဖြစ်တယ်။ ကျန်းမာရေးအရ ကျွန်တော်က နဂိုကတည်းက နှာခေါင်းပိတ်တတ်တဲ့ ရောဂါရှိတယ်၊ ဒါပေမယ့် သေချာအောင်ဆိုပြီးတော့ အနံ့ကလည်း ရတစ်ချက်၊ မရတစ်ချက်နဲ့ ဆိုတော့ မဖြစ်တော့ဘူးဆိုပြီး သေချာအောင် ဆေးလာစစ်လိုက်တာ။ ကိုယ့်ကိုယ်ကို သံသယနည်းနည်းလေး ဖြစ်တာနဲ့ ဒီနေ့ပဲ စစစ်တာ၊ အခုတော့ ဧရာစင်တာမှာပါ။ မိသားစုတွေကိုလည်း ဆေးစစ်ဖို့ ပြောထားပါတယ်” လို့ ဆိုပါတယ်။ 

Photo: Nay Linn

နေလင်းဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး မကြောက်ဖို့ကိုလည်း အားပေးစကားဆိုခဲ့ပါတယ်။ အိမ်ထဲမှာ နေပေမယ့်လည်း ကိုယ်တိုင် သံသယဝင်လာရင် ဆေးစစ်ကြည့်သင့်တယ်လို့ ပြောပါတယ်။ ဧရာစင်တာမှာ ဆေးကုသမှုခံယူနေရင်း လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့လည်း ဆုံးဖြတ်ထားသေးတယ်လို့ သူက ဆိုပါတယ်။ 

“ လူတိုင်းကိုပြောချင်တာက ကိုယ့်ကိုယ်ကိုယ် သံသယရှိတယ်ဆိုရင် ဆေးစစ်သင့်တယ်လို့ ကျွန်တော် တိုက်တွန်းချင်တယ်။ ဒါမှ ရောဂါမပြန့်မှာပါ။ ပြီးတော့ အားလုံး နေပြန်ကောင်းလာမယ်။ မစစ်ပဲနဲ့ ကြိတ်ကုနေတာတွေ၊ ကိုယ့်မှာ ရှိမှန်းမသိပဲနဲ့ သူများတွေဆီ သွားလာနေရင် ထပ်ဆင့်ပွားလာပြီး မလိုအပ်တာတွေ ဖြစ်ပွားလာတတ်ပါတယ်။ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် သံသယ စဖြစ်ကတည်းက အိမ်သားတွေနဲ့ ဝေးဝေးနေတယ်၊ သူတို့ကိုလည်း အားရှိတာတွေ စားခိုင်းတယ်၊ အိမ်မှာနေရင်းနဲ့လည်း Mask တပ်တယ်။ အိမ်မှာဆို အမေက (၆၀)ကျော်အရွယ်၊ အဘွားက (၈၀) ရှိပြီလေ။ အခု စစ်လိုက်တဲ့ လူနာတွေထဲမှာ ကျွန်တော်ကလည်း သွားနိုင် လာနိုင်တဲ့သူဖြစ်တဲ့အတွက် ဒီ ဧရာဝတီစင်တာမှာ တကယ်လို့ လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ ကျွန်တော် ဝိုင်းဝန်းပြီးတော့ ကူညီပေးရင်း ဖြတ်သန်းသွားမယ်။ ကျန်းမာအောင်နေပါမယ်” ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nay Linn

နေလင်းကိုတော့ ဟာသဇာတ်ပို့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ကြရင်းက ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နေလင်းဟာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူး နေရတာဖြစ်ပြီး ဇော်ဇော်အောင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က