နေရာ(၂) နေရာကို လှူခဲ့တာပါ။

ဝတ်မှုံရွှေရည်ကတော့ သူကိုယ်တိုင် ချုပ်ထားတဲ့ Mask လေးတွေကို အမှန်တကယ် လိုအပ်မှုရှိတဲ့ နေရာလေးတွေမှာ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 

Photo: Wutt Hmone Shwe Yi



သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ စက်မချုပ်တတ်၊ ချူပ်တတ်နဲ့ အကောင်းဆုံး ကြိုးစားပြီး Mask လေးတွေ ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်တိုင်လုပ်အားလေးနဲ့ ကြိုးစားထားတဲ့ Mask တွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

“ ကစ်ကတော့လေ အိမ်မှာနေနေတဲ့ အချိန်မှာ အကျိုးရှိတဲ့ အလုပ်လေး ဖြစ်အောင်၊ ကိုယ့်ရဲ့ အမှတ်တရလေးလည်း ဖြစ်ချင်တာနဲ့ Mask Handmade လေး လုပ်ဖြစ်တယ်။ အမှတ်တရကတော့ ပြောင်းပြန်တွေ ချုပ်ဖြစ်တယ်၊ အများကြီးပဲ။ ကိုယ်က စက်လည်း သိပ်မချုပ်တတ်တဲ့သူဆိုတော့ Mask လးတွေကို အဆင်ပြေအောင်တော့ ကြိုးစားထားပါတယ်။ Mask လေးတွေ ချုပ်တဲ့ အရေအတွက်ကို မူတည်ပြီးတော့ နေရာတစ်နေရာ(သို့မဟုတ်) (၂) နေရာလောက်ကို လှူမယ်လို့ စဉ်းစားထားပါတယ်”လို့ သူက ဆိုပါတယ်။ 

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ သူကိုယ်တိုင်ချုပ်ထားတဲ့ Mask လေးတွေကို မေရီချက်စ်ကျောင်းနဲ့ ရွှေဂုံတိုင် ကလေးပြုစုရေး ဌာန တို့မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

" အခု ကိုဗစ်ကာလဖြစ်တာကြောင့် ကစ်ကိုယ်တိုင်ကလည်း အပြင်ထွက်ဖို့ အန္တရာယ်များတဲ့အတွက် ကစ်ရဲ့ Team ကနေ လူတွေ စုပေါင်းပြီးတော့ မေရီချက်စ်ကျောင်းမှာ Mask တွေ သွားလှူခဲ့ပါတယ်။ ပြီးတော့ ရွှေဂုံတိုင်မှာရှိတဲ့ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနကိုလည်း Mask အခု (၃၀၀) အပြင် တစ်နေ့တာ အာဟာရဒါန လှူခဲ့သေးတယ်။ ကိုဗစ်ကာလမှာ အားလုံးလည်း တတ်နိုင်တဲ့ ကုသိုလ်ဒါနလေးတွေ လုပ်ကြပါလို့ပြောချင်ပါတယ်" ဆိုပြီးတော့ နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် (၁၁) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာတင်ခဲ့တဲ့ YouTube ဗီဒီယို ဖိုင်လေးထဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Wutt Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ ပြည်ပမှ ချီးမြှင့်ခဲ့တဲ့ အနုပညာဆု အနေနဲ့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Academy Creative Award ဆုချီးမြှင့်ပွဲမှာ "လိပ်ပြာစံအိမ်"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actress ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ Asian Academy Creative Award မှာ ဇာတ်ပို့ဆုကို ကိုယ်တိုင်ကြေညာပေးဖို့အတွက် အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်နဲ့လည်း မြင်တွေ့ခဲ့ရပါသေးတယ်။ သူမအနေနဲ့ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက် ဖြစ်ပါတယ်။ “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပအနုပညာရှင်တွေနဲ့ အတူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

Photo: Wutt Hmone Shwe Yi

ဒါ့အပြင် ၂၀၁၃ ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က