သူငယ်ချင်းတွေလည်း မင်္ဂလာဆောင်ကြပြီ။

နန်းဆုရတီစိုးကတော့ ဒီနှစ်ဝါကျွတ်မှာလည်း သတို့သမီးတစ်ယောက် မဖြစ်သေးဘူးဆိုပြီးတော့ သူမရဲ့ အချစ်ရေးအကြောင်းကို ဖွင့်ပြောပြလာပါတယ်။ 

နန်းဆုရတီစိုးရဲ့ အချစ်ရေး သတင်းတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။ ဒီနှစ်မှာတော့ ဝါကျွတ်တဲ့အချိန်မှာ သူငယ်ချင်းတွေလည်း မင်္ဂလာဆောင်နေကြပြီဆိုပေမယ့် သူမကတော့ တစ်ယောက်တည်းပါပဲ ဆိုတာကို မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



“ သူငယ်ချင်းတွေ က သီတင်းကျွတ်ပြီဆိုတော့ မင်္ဂလာတွေဆောင်ကြပြီ Congratulations ပေါ့နော်။ နန်းဆုကတော့ ဒီနှစ်မှာ ဆံပင်အတိုတောင် ညှပ်လိုက်ပြီဆိုတော့ ဆံထုံး ထုံးလို့မရသေးဘူးလေ။ ဘယ်လို သတို့သမီးလုပ်မလဲနော်။ သီတင်းကျွတ်တိုင်း ကိုယ်မကျွတ်သေးဘူး။ နန်းဆုအတွက်က သီတင်းကျွတ် အမှတ်တရတွေကတော့ ပျော်ရွှင်စရာတွေလည်းရှိခဲ့သလို စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာတွေလည်း ကြုံခဲ့ဖူးတာတွေရှိပါတယ်" လို့ ဆိုပါတယ်။ 


နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ ဆံပင်အစစ်ကို အတိုညှပ်ခဲ့တာကို မတွေ့ရဖူးပါဘူး။ ဒါပေမယ့် အခုတော့ သူမရဲ့ ဘဝမှာ ပထမဆုံးအကြိမ် ဆံပင်အတိုလှလှလေး ညှပ်ဖြစ်ခဲ့တဲ့ အကြောင်း အခုလို ပြောပြလာပါတယ်။ 

“ နန်းဆု စပြီးတော့ မင်းသမီးလုပ်ကတည်းက ဆံပင်အရှည်နဲ့ပဲ နေလာခဲ့တာ အခုက ပထမဦးဆုံး ဆံပင်အတိုညှပ်ခြင်းပါပဲ။ ဆံပင်ညှပ်ဖို့ကိုလည်း တော်တော်လေး စဉ်းစားခဲ့ရတယ်။ စိတ်သစ်လူသစ် ဖြစ်သွားတယ် ဆိုတဲ့ သဘောပေါ့နော်။ ဒါက ဘဝမှာ ဆံပင်အတိုညှပ်ဖူးခြင်းပါပဲ။ ပရိသတ်တွေကိုတောင် သေချာမတိုင်ပင်ဖြစ်ခဲ့ဘူး။ သူတို့ကတော့ တော်တော် နှမြောမယ်ထင်တယ်၊ သူတို့တွေက ဆံပင်အရှည်ကြိုက်ကြတာများတယ်၊ ကိုယ့်ဆံပင်နည်းနည်းလေးတိုသွားရင်နော် တိုသွားတယ်၊ အရှည်ပြန်ထားခိုင်းတဲ့သူတွေလည်းရှိတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့က အလှူမှာ ဖြေဆိုခဲ့တာပါ။ 

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ နန်းဆုရဲ့ အနုပညာအလုပ်တွေတိုင်းကို အမြဲ အားပေးနေကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုရတီစိုးဟာ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က