မြောက်ဥက္ကလာဆေးရုံကြီးကို (၁၈) သိန်းလှူဒါန်းခဲ့တာပါ။

သမီးလေး စံထိပ်ထားဦးရဲ့ မွေးနေ့ အလှူလေးအပေါ် မိခင်ဖြစ်သူ သရုပ်ဆောင် ခိုင်သင်းကြည်က သူမရဲ့ ပီတိလေးကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Khine Thin Kyi



အကယ်ဒမီခိုင်သင်းကြည်နဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်တို့ရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးကတော့ နိုဝင်ဘာလ (၂၆) ရက်နေ့ဆိုရင် အသက် (၁၈) နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒါကြောင့် မွေးနေ့မတိုင်ခင်မှာ ကုသိုလ်အလှူလေးတစ်ခုအနေနဲ့ မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ အလှူငွေကျပ်(၁၈) သိန်းလှူဒါန်းခဲ့ပါတယ်။ 

စံထိပ်ထားဦးရဲ့ မွေးနေ့အလှူလေးအတွက် မိခင်ဖြစ်တဲ့ ခိုင်သင်းကြည်ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

"ထိပ်လေးရဲ့မွေးနေ့အလှူလေးပါရှင့်။ မွေးနေ့က၂၆ရက်နေ့မှပါအဲ့နေ့မှာစာမေးပွဲရှိလို့ဒီနေ့ကြိုပြီးသွားလှူဖြစ်တာပါ။ မေမေ့သဲလေးတောင်(၁၈) နှစ်ပြည့်တော့မယ်။ သူ့အနုပညာကြေးမုန့်ဖိုးလေးနဲ့လှူတာမိဘပိုက်ဆံမပါပါဘူးရှင့် " ဆိုပြီးတော့ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက ခိုင်သင်းကြည်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Khine Thin Kyi

စံထိပ်ထားဦးရဲ့ မွေးနေ့အလှူလေးအတွက် သူမကိုချစ်တဲ့ ပရိသတ်တွေကလည်း သာဓုခေါ်ဆိုခဲ့ကြပါတယ်။ ဒါ့အပြင် မွေးနေ့အကြိုဆုတောင်းလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်။ စံထိပ်ထားဦးဟာ လက်ရှိမှာ အနုပညာနဲ့ ပတ်သက်ပြီး မိခင်နဲ့အတူ ကြော်ငြာလေးတွေ ရိုက်ထားပါတယ်၊ သူတစ်ယောက်တည်း ရိုက်ထားတဲ့ ကြော်ငြာလေးတွေလည်းရှိနေပါပြီ။ မေမေခိုင်သင်းကြည်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရှိသလို စံထိပ်ထားဦးကို ချစ်ခင်အားပေးလာတဲ့ ပရိသတ်တွေကလည်း အများကြီးရှိလို့နေပါပြီ။ 

 Photo: Khine Thin Kyi

စံထိပ်ထားဦးကိုတော့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ သမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေ မတွေ့ရသေးပါဘူး။လက်ရှိမှာတော့ ပညာရေးကို ဦးစားပေးနေရသူဖြစ်တာကြောင့် အနုပညာအလုပ်လေးတွေ ခဏရပ်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က