ဂီတလှုပ်ရှားမှုတွေအကြောင်းပြောပြလာပါတယ်။

နန်းဆုရတီစိုးကတော့ ကိုဗစ်ကာလမှာ အနုပညာလှုပ်ရှားမှုတွေ အဆက်မပြတ်သွားအောင် သီချင်းလေးတွေ လုပ်နေတယ်လို့ဆိုပါတယ်။

နန်းဆုရတီစိုးဟာ သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်လေးတွေ ပုံဖော်နေတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေ အဆက်မပြတ်အောင်လည်း ကြိုးစားနေတယ်လို့ Duwun ကို ပြောပါတယ်။



“ သီချင်းကတော့ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် ရိုက်ကူးရေးတွေကလည်း အဆင်မပြေဘူးဆိုတော့ ကောင်းကောင်းမွန်မွန်စီစဉ်လို့မရသေးဘူး။ ဒါပေမယ့် Music ပိုင်းတွေကိုတော့ နန်းဆု ဖန်တီးလို့ရသလောက်ကို ကြိုးစားနေတာတွေတော့ရှိတယ်။ ကိုဗစ်ပြီးသွားရင်တော့ ရိုက်ကူးရေးရိုက်ပြီးရင်တော့ ထွက်လာမှာပါ။ သီချင်းပုံစံတွေက အလွမ်းအဆွေး သီချင်းတစ်ပုဒ်ပါမယ်၊ Music ပုံစံ ဆန်းဆန်းလေးတွေလည်း ပါမယ်။ ဒါကို Project ကြီးကြီးနဲ့ လုပ်တာဖြစ်လို့ နည်းနည်းကြာမယ်။ အလွမ်းအဆွေး သီချင်းတစ်ပုဒ်ကိုတော့ အရင်ထွက်ဖြစ်မှာပါ” လို့ သူကဆိုပါတယ်။

နန်းဆုရတီစိုးရဲ့သီချင်းနဲ့ Music Video ဖန်တီးမှုလေးတွေဟာ ပရိသတ် အကြိုက်နဲ့ ထပ်တူကျသလို လူအများရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့် အသစ်ထွက်ရှိလာမယ့် သီချင်းလေးကိုလည်း ဘယ်လို ဖန်တီးသွားမယ်ဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။

“ သီချင်းရဲ့အကြောင်းအရာနဲ့ ရိုက်ကူးမယ့် ပုံစံလေးကိုတော့ ကြိုတင်ပြီး ခေါင်းထဲမှာ စဉ်းစားထားတာတော့ရှိပါတယ်။ ဒါမှ မဟုတ် သီချင်းရဲ့ Music နဲ့ လိုက်ဖက်အောင် ရိုက်ကူးရင်လည်း ရိုက်ကူးသွားမှာပါ။ အခုက Stay Home ကာလဆိုတော့ အိမ်မှာနေရင်း သီချင်းလေးတွေ အတွက်လည်း စီစဉ်နေသလို နန်းဆု ဝါသနာပါရာ အလုပ်လေးတွေလည်း လုပ်ဖြစ်နေတယ်” လို့ ဆိုပါတယ်။ 

နန်းဆုရတီစိုးရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ် တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ သူမကိုတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ တီဗီကြော်ငြာတွေ ၊ မဂ္ဂဇင်းကာဗာတွေမှာလည်း ဒီနေ့အချိန်ထိ ပါဝင်နေရတဲ့ မင်းသမီးချောတစ်ယောက်ပါ။ အခုလက်ရှိမှာတော့ ဂီတလမ်းကြောင်းပေါ်မှာ သီချင်းတွေနဲ့ ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားတာ တွေ့ရပါသေးတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ နန်းဆုရဲ့ အနုပညာအလုပ်တွေတိုင်းကို အမြဲ အားပေးနေကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က