သားဖြစ်သူ ကောင်းစံက ပြောပြလာပါတယ်။

လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ သားဖြစ်သူ ကောင်းစံကတော့ ဧရာဝတီစင်တာမှာ ဖခင်ကို အနီးကပ်ပြုစုစောင့်လျှောက်ပေးနေတာ ဖြစ်ပြီး လက်ရှိ ကျန်းမာရေးအခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Moe D



ဦးမိုးဒီကတော့ ကိုဗစ်ကူးစက်ခံလိုက်ရတာကြောင့် ဧရာဝတီကွာရန်တင်းစင်တာမှာ နိုဝင်ဘာလ (၂၂) ရက်နေ့ကတည်းက ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ဒီနေ့ဆိုရင်တော့ ဦးမိုးဒီ ကွာရန်တင်းဝင်တာ (၁၀) ရက်ရှိပါပြီ။ ကိုဗစ်အကြိုက်ရောဂါဖြစ်တဲ့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိတဲ့သူမို့ သားဖြစ်သူ ကောင်းစံ ကတော့ စိုးရိမ်နေတယ်လို့ Duwun ကို ပြောပါတယ်။ 

“ ဒီကြားထဲမှာတော့ Swab လာမစစ်သေးဘူး။ ဆရာဝန်တွေရဲ့ ပြောချက်အရ ဖေဖေ့ ရဲ့ နှလုံးခုန်သံကို သိပ်ပြီးတော့ ဘဝင်မကျလို့ (၂) ရက်၊ (၃) ရက်လောက် ထားပြီး စောင့်ကြည့်ပေးဦးမယ်ဆိုလို့ စောင့်ကြည့်နေရတယ်။ ဦးကိုယ်တိုင်ကလည်း သားတစ်ယောက်အနေနဲ့ ကိုယ့်အဖေအတွက် စိုးရိမ်စိတ်ဖြစ်မိတယ်။ ဖေဖေ့မှာက နှလုံးရော၊ သွေးတိုးရော၊ ဆီးချို၊ ကျောက်ကပ်ကလည်း တစ်ခြမ်းပဲရှိတယ်။ သူ့အသက်အရွယ်နဲ့ သူခံရတဲ့ ရောဂါကြီးက မမျှဘူးဖြစ်နေတယ်။ ဖေဖေလည်း ဒီရောဂါကြီးကို ကျော်လွှားပြီး အိမ်ပြန်နိုင်စေဖို့ ဆုတောင်းနေရတယ်” လို့ ဆိုပါတယ်။ 

Photo: Moe D

ကောင်းစံ ကလည်း ဖခင်ဖြစ်သူ ဦးမိုးဒီကို ဧရာဝတီကွာရန်တင်းစင်တာမှာပဲ အနီးကပ်ပြုစု စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ အစားနည်းတတ်သူဖြစ်တာကြောင့်လည်း အစားစားဖို့ ပိုပြီးဂရုစိုက်နေရတယ်လို့ သူက ပြောပါတယ်။ 

“ အဖေ့ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး စားအောင်လို့တော့ ကျွေးနေရတယ်၊ အိမ်မှာနေကတည်းက ဖေဖေက အစားနည်းတဲ့လူ။ ဒီမှာတော့ အားရှိတာလေးတွေ ကျွေးတော့ ပိုအဆင်ပြေပါတယ်။ဧရာဝတီစင်တာမှာ အခုဆို (၁၀) ရက်လောက်ရှိပြီပေါ့နော်။ အစ်ကိုကလည်း ဘေးမှာ စောင့်ရှောက်ပေးခွင့်ရပါတယ်။ အစတုန်းကတော့ လူနာစောင့် မပါဘူး ဒါပေမယ့် သူတို့ သေချာ စီစဉ်ပေးပါတယ်။ ဒီမှာ Volunteer တွေက ကိုယ့်ထက်တောင် ပိုပြီးတော့ ဂရုစိုက်ကြပါသေးတယ်။ အစ်ကိုကသာ မိဘဆိုပြီးတော့ စိုးရိမ်တကြီး လိုက်လာတာ ဒီက လူတွေက ကိုယ့်ထက်တောင် ပိုဂရုစိုက်ကြပါသေးတယ်”လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Moe D

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သားဖြစ်သူကောင်းစံကလည်း အနုပညာလောကမှာ လူရွှင်တော် တစ်ယောက်အဖြစ်သာမက ဟာသသရုပ်ဆောင် အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က