အရင်တုန်းက အဖွဲ့မှာ (၅) ယောက်ရှိတယ်။

ဖြိုးလေးဟာ Snare အဖွဲ့ စတင်ခဲ့ချိန်ကနေ စလို့ အခုလို အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာခဲ့တဲ့ ဘဝဖြတ်သန်းမှုတွေကို ပရိသတ်တွေ သိအောင်မျှဝေခဲ့ပါတယ်။ 

Photo: Thein Than Oo



ဖြိုးလေးကတော့ ဂီတလောကထဲကို စတင်ဝင်ရောက်လာစဉ်ကတည်းက Snare အဖွဲ့ အနေနဲ့ ဖြတ်သန်းလာခဲ့တာလို့ သိရပါတယ်။ အောင်မြင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ စိတ်အခန့်မသင့်လို့ အဖွဲ့ ကွဲခဲ့တဲ့အထိ အမှတ်တရတွေ ဖြစ်ခဲ့တယ်လို့ Duwun ကို ပြောပါတယ်။ 

“၂၀၀၀ ခုနှစ်လောက်တုန်းက အဖွဲ့စဖွဲ့ပြီးတော့ သီချင်း (၃) ပုဒ်လောက် လုပ်ဖြစ်တယ်။ ဒီသီချင်းကိုလည်း အိမ်မှာပဲ Software နဲ့ လုပ်တယ်ပေါ့။ အဲဒီတုန်းက (၁၀) တန်းပဲရှိသေးတယ်။ ကလေးတွေ ဆိုတော့ ကိုယ် ဝါသနာပါရာကို လုပ်တယ်ပေါ့။ နောက်ကျတော့မှ ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတာကို ကောင်းကောင်း သိခဲ့ကြတာပါ။ ပြီးတော့ ကိုယ့်အရှေ့က အဖွဲ့တွေကို အားကျပြီးတော့ Snare ဆိုပြီးတော့အဖွဲ့ ဖွဲ့ခဲ့တယ်။ Snare အဖွဲ့က ၂၀၀၈ ခုနှစ်လောက်က (၄) ယောက်ရှိတယ်။ အဲဒီတုန်းက အိမ်မှာပဲ သီချင်းတွေ လုပ်ဖြစ်တယ်။ ဒါပေမယ့် အဲဒီထဲကို ရေတွေဝင်ပြီးတော့ သီချင်းသိမ်းထားတဲ့ hard disc တွေ အကုန် ကြွသွားရော သီချင်းတွေ မရှိတော့ စိတ်ညစ်သွားတယ်။ အဲဒီမှာ သူငယ်ချင်းတွေ အချင်းချင်း စိတ်အခန့်မသင့်ဖြစ်သွားတော့ နောက်ဆုံး နေဝင်းနဲ့ ကျွန်တော် နှစ်ယောက်ပဲ ကျန်ခဲ့တယ်" လို့ သူက ဆိုပါတယ်။ 

Photo: Thein Than Oo

အဲဒီနောက်မှာတော့ ဖြိုးလေးနဲ့ နေဝင်း နှစ်ယောက်ပေါင်းပြီး Snare အဖွဲ့တစ်ခုအနေနဲ့ ဖျော်ဖြေပွဲတိုင်းမှာ သူများအနောက်ကနေ သီချင်းတွေလိုက်ဆိုရင်း ဝါသနာကို ပုံဖော်ခဲ့ကြတယ်လို့ ဖြိုးလေးက ပြောပါတယ်။ 

"အဲဒီတုန်းကတော့ ဘယ်သူက ဘာမှန်းဆိုတာ သိပ်မသိခဲ့ကြဘူး။ အဲဒီတုန်းက သူများအနောက်မှာ သီချင်းလိုက်ဆိုဖို့တောင် အရမ်း ရူးသွပ်ခဲ့ကြတာပေါ့နော်။ ဟိုလူပြောတာ နားထောင်၊ ဒီလူပြောတာ နားထောင် သီချင်းတွေလိုက်ကျက်၊ လိုက်လေ့လာရင်းနဲ့ ကြိုးစားခဲ့တာ။ ပြီးတော့ ပွဲတွေဆိုလည်း မနက်တစ်ပွဲ၊ ညတစ်ပွဲ ဆိုတယ် ဒါတောင် သူများအနောက်က လိုက်ဆိုရတာ။ တစ်ခါတလေ စတူဒီယိုအတွက် စရိတ် မရှိလို့ အကြွေးတွေ ထားတဲ့ဟာကို ထား၊ ပြီးရင် တက္ကစီခ၊ ဘတ်စ်ကားခ မရှိလို့ အိမ်အထိ လမ်းလျှောက်ပြန်ခဲ့ရတာတွေရှိတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Thein Than Oo

အဲဒီလို အခက်အခဲတွေကြားထဲကမှ ၂၀၁၀ ခုနှစ်မှာ Snare အဖွဲ့အတွက် ပထမဆုံးအခွေဖြစ်တဲ့ Rap Game အခွေကို ထွက်ရှိနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ Rap Game အခွေ (၁၀) နှစ်ပြည့် အမှတ်တရ Hip Hop Virtual Concert ကိုလည်း နိုဝင်ဘာလ (၂၉) ရက်နေ့နဲ့ (၃၀) ရက်နေ့တို့က အွန်လိုင်းကနေတဆင့် အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ 

 “ ကိုယ် ဝါသနာပါတဲ့ သီချင်းတွေ လုပ်တယ်။ တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ခဲ့ကြတယ်၊ ဆိုခဲ့ကြတယ်၊ သူများတွေ ဆိုတာကိုလည်း လိုက်လေ့လာတယ်။ နောက်တော့မှ ကိုယ်ဖန်တီးတဲ့ သီချင်းလေးတွေကောင်းတယ်ဆိုပြီးတော့ ကိုယ့်ဘာသာကိုယ် ပြန်နားထောင်ရင်းကြိုက်လာတယ်။ ဒီလိုနဲ့ အခက်အခဲတွေ ပေါင်းစုံ ရုန်းကန်ရင်း ၂၀၁၀ မှာ Rap Gameအခွေလေး ထွက်နိုင်ခဲ့တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Media Wave

Snare အဖွဲ့ကိုတော့ ၂၀၀၀ ခုနှစ်မှာ လူ(၅) ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ အဲဒီတုန်းကတော့ အပြစ်နဲ့မိန်းမ အကြောင်း၊ မင်းတို့ စဉ်းစားလိုက်နဲ့ ၊ မပျော်တဲ့နေ့များဆိုတဲ့ ပထမဆုံး Sample Tape အခွေ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၈ ခုနှစ်မှာ Snare ဟာ လူအင်အား တစ်ယောက် လျှော့ခဲ့ပြီး (၄) ယောက်သာ ကျန်ခဲ့ပါတယ်။ ဖြိုးလေး၊ နေဝင်း၊ စည်သူဖေမြင့် အပြင်နောက်ထပ် အဆိုတော် တစ်ဦးလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယမြောက် Sample CD ကိုတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့ပြန်ပါတယ်။ ဒုတိယမြောက် Sample အခွေ ထွက်ရှိပြီးတဲ့နောက်မှာတော့ Snare အဖွဲ့မှာ (၂) ယောက်သာ ကျန်ရှိခဲ့တာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ Hip Hop လောကမှာ Snare အဖွဲ့ဟာ အောင်မြင်မှုတွေရရှိထားသလို ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ Rap အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ Genius Hip Hop Fashion ဆိုင်ကို ဖြိုးလေးက ဖွင့်လှစ်ထားပါတယ်။ Oh My God Father Hip Hop Fashion ဆိုင်ကိုတော့ နေဝင်းက ဖွင့်လှစ်ထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က