သာမာန်လူဆိုတာကို မေ့နေ့တတ်ကြတယ်။

အုပ်စိုးခန့်ကတော့ ၂၀၂၀ ခုနှစ်မှာ လုပ်ခွင့်မရလိုက်တဲ့ အနုပညာလှုပ်ရှားမှုတွေ အပေါ် သူ့ရဲ့ ခံစားချက်တွေ ပြောပြခဲ့ပါတယ်။ 

Photo: Oak Soe Khant



အုပ်စိုးခန့်ကတော့ ဂီတလောကမှာအောင်မြင်တဲ့ လူငယ်အဆိုတော် တစ်ဦးအနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဂီတအလုပ်တွေ အနည်းငယ်သာ လုပ်ခွင့်ရခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

“ ၂၀၂၀ က ကျွန်တော့်အတွက်တော့ နောင်တရမယ့်အရာတွေရှိသလို ကောင်းတဲ့ အချက်တွေလည်း အပြည့်အဝ ခံစားရတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေက တစ်ခါတလေမှာ သာမာန်လူဆိုတာကို မေ့နေကြတယ်။ တစ်ခုခုမှားသွားတယ်၊ မှန်သွားတယ်ဆို အဆန်းကြီးဖြစ်နေတယ်။ သာမာန်လူတွေဆို ဒါက ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့တွေလည်း နောင်တဆိုတာရှိပါတယ်။ ၂၀၂၀ မှာတော့ နောင်တရလောက်တဲ့ အမှားတွေလည်းရှိခဲ့သလို ဝမ်းသာပီတိဖြစ်ရတဲ့ နေ့ရက်တွေလည်းရှိခဲ့တယ်။ ၂၀၂၁ မှာတော့ ပြုပြင်စရာရှိတာတွေ ပြုပြင်သွားတယ်လို့ ဆုံးဖြတ်ထားပါတယ်” လို့ သူက ပြောပါတယ်။ 

Photo: Amazing Grace

အုပ်စိုးခန့်ဟာ ကိုဗစ်ကာလကြောင့် မလုပ်လိုက်ရတဲ့ အနုပညာအလုပ်တွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒါတွေကို ၂၀၂၁ မှာ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတာကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ ၂၀၂၀ ခုနှစ်ထဲမှာလုပ်မယ့် Show ပွဲတွေ၊ ကြော်ငြာပွဲတွေ၊ ဘန်ကောက်မှာ သွားပြီး ကြော်ငြာရိုက်ရမယ့် ဟာတွေ အကုန်ပျက်သွားခဲ့တယ်။ အဲဒီ Plan တွေ တခြား Project တွေ မလုပ်လိုက်ရဘူူူူး နှမြောစရာကောင်းတယ်။ ၂၀၂၁ မှာတော့ ကိုဗစ်ဆိုတာကို ဗန်းပြလို့ မရတော့ဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးဖြစ်အောင်တော့ စဉ်းစားရတော့မှာပေါ့" 

Photo: Oak Soe Khant

အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။ သူဟာ Shwe FM က ဆုချီးမြှင့်တဲ့ "၂၀၁၉ ခုနှစ်အတွက် အောင်မြင်ဆုံး မျက်နှာသစ် အနုပညာရှင်" ဆုကိုလည်း ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူဟာဂီတအလုပ်ကိုသာမက သရုပ်ဆောင် အလုပ်ကိုပါ ဆောင်ရွက်လာပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။" အိပ်မက်တွေ မိုးထားတဲ့ အိမ်" ရုပ်သံဇာတ်လမ်းတွဲ ထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က