ခင်ပွန်းကို နိုင်ငံခြားဘောလုံးအသင်းက ကမ်းလှမ်းထားပါတယ်။

ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူ အောင်သူကို ထိုင်းပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ ဘူရီရမ်မှာ သွားကစားဖို့အတွက် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Amazing Grace



သရုပ်ဆောင် ပိုးအိအိခန့်ရဲ့ ခင်ပွန်းဖြစ်သူ အောင်သူကိုတော့ ထိုင်းပရီးမီးယားလိဂ်ကလပ်အသင်း တစ်ခုဖြစ်တဲ့ ဘူရီရမ် အသင်းက အမေရိကန် ဒေါ်လာ ၅ သောင်းနဲ့ အပြီးသပ်ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အောင်သူ့ကို ထိုင်းဘောလုံးကလပ်မှာ သွားကစားဖို့ ခွင့်ပြုမပြုဆိုတာကိုလည်း ဇနီးဖြစ်သူ သရုပ်ဆောင် ပိုးအိအိခန့်က Duwun ကနေ ပြောပြလာပါတယ်။  

“ ကိုအောင်သူရဲ့ ဘောလုံးကိစ္စ က ညီမထက် အသင်းက ထုတ်ပြန်မှုက ပိုပြီးတော့ တိကျမယ် ထင်ပါတယ်။ ကိုယ်က ဘောလုံးအကြောင်းသိပ်နားမလည်တော့ သူ့ကို သိပ်မမေးဖြစ်ဘူး။ တကယ်လို့ သူက သူ့ကို တခြားကလပ်ကို သွားခိုင်းစေချင်တယ်၊ မသွားခိုင်းစေချင်ဘူးဆိုတာထက် သူသွားချင်တယ် မသွားချင်ဘူးဆိုတဲ့အပေါ် မူတည်တယ်။ သူက မြန်မာနိုင်ငံထဲမှာပဲ ကန်ချင်တယ်ဆိုရင်လည်း ဒီမှာပဲ ကန်ခိုင်းတယ်။ ဘောလုံးသမားဆိုတာ သူစိတ်ချမ်းသာတဲ့နေရာမှာ ကန်တာ အကောင်းဆုံးပါပဲ” လို့ ဆိုပါတယ်။ 

Photo: Amazing Grace

ပိုးအိအိခန့် အနေနဲ့ ခင်ပွန်းဖြစ်သူကို ဘောလုံးကိစ္စဆိုတာထက် မိသားစုအတွက် ရှေ့ရေးကိစ္စတွေကို ပိုပြီးတော့ တိုင်ပင်လေ့ရှိတယ်လို့ ဆိုပါတယ်။ နွေးထွေးတဲ့ မိသားစုလေးဖြစ်ဖို့ ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ 

“ ဘောလုံးနဲ့ ပတ်သက်လာရင် ကိုအောင်သူက ညီမကို အကြံဉာဏ်တောင်းတာမျိုးလည်း မရှိပါဘူး။ သူ အကြံတောင်းရလောက်အောင်လည်း ညီမကလည်း ဘောလုံးနဲ့ ပတ်သက်ရင် ကျွမ်းကျင်တာမျိုးမရှိဘူး။ ဒါပေမယ့် မိသားစုအတွက် ချစ်ချစ်ခင်ခင်ဖြစ်အောင် ဘယ်လိုနေမလဲ၊ နားလည်မှု ဘယ်လိုမျှတအောင်နေမလဲ၊ သားသမီးကို ဘယ်လို စောင့်ရှောက်မလဲ၊ ကလေးရဲ့ ရှေ့ရေးကိုတော့ အမြဲတိုင်ပင်တယ်။ ဘောလုံးနဲ့ ပတ်သက်တာတော့ ဘာမှ တိုင်ပင်တာမရှိသလို သူ့အလုပ်ကိုလည်း ဝင်ပြီးတော့ စွတ်ဖက်တာမျိုးမရှိပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Poe Ei Ei Khant

ပိုးအိအိခန့် ကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားခဲ့တာ တွေ့ရပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က