ကျောင်းတက်ကတည်းက မစွံဘူး။

ထူးကျော် နဲ့ ဖြိုးမောင်မောင် တို့ကတော့ အချစ်ရေးမှာ အခုထိ အစွံမထုတ်သေးတဲ့ ထွန်းထွန်းရဲ့ အကြောင်းတွေကို ပြောပြလာပါတယ်။ 

Photo: ဖြိုးမောင်မောင်



၂၀၀၀ ခုနှစ်ဝန်းကျင်က အောင်မြင်မှုတွေရရှိခဲ့တဲ့ Examplez အဖွဲ့မှာတော့ ထူးကျော်၊ ထူးအောင်နဲ့ ဖြိုးမောင်မောင် တို့က ကိုယ်စီ မိသားစုတွေ ပိုင်ဆိုင်ထားလို့နေပါပြီ။ ထွန်းထွန်းကတော့ အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ အချစ်ရေး ကံမကောင်းလှတဲ့ ထွန်းထွန်း ရဲ့ အကြောင်းတွေကို ထူးကျော်နဲ့ ဖြိုးမောင်မောင် တို့က Duwun ကနေ ပြောပြလာပါတယ်။ 

“ထွန်းထွန်းက မစွံဘူးဆိုတာကလည်း သူက ကြံလိုက်ပြီဆိုတာနဲ့ သူ့ကိုမယူတဲ့ ကောင်မလေးတွေပဲ ဖြစ်ဖြစ်သွားတယ်။ တွဲသမျှတိုင်းကိုတော့ ချစ်တာ ချစ်တာဆိုတာ သူ့လောက် ချစ်တဲ့သူ မရှိတော့သလောက်ပဲ။ ခက်တာက သူ့အချစ်က ပျားအုံ အချစ်လို၊ သလဲသီးအချစ်လိုပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောခဲ့တာပါ။ 

Photo: ဖြိုးမောင်မောင်

Examplez အဖွဲ့သားတွေဟာ မူလတန်းကျောင်းတက်ကတည်းက တွဲလာခဲ့ကြတဲ့ သူငယ်ချင်းတွေလို့ သိရပါတယ်။ ထွန်းထွန်း တစ်ယောက် ကျောင်းတက်တုန်းကတည်းက အချစ်ရေးမှာ မစွံတဲ့အကြောင်းတွေကို ဖြိုးမောင်မောင်က ပြောပြခဲ့ပါသေးတယ်။ 

“ သူက အချစ်ကို တန်ဖိုးမထားတော့ အချစ်ရေး ကံမကောင်းဘူးပေါ့လေ။ စတာပါ။ ချစ်တတ်လွန်းတော့လည်း ဒုက္ခရောက်သွားတာပါ။ ချစ်တာကတော့ တစ်ယောက်တည်း ချစ်လို့ရတယ် သူက အများကြီး ချစ်ချင်တာဆိုတော့ မရဘူးလေ။ ကျောင်းမှာလည်း မစွံပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: ဖြိုးမောင်မောင်

Examplez အဖွဲ့သားတွေကတော့ အခုဆိုရင် ဂီတသက်တမ်း နှစ်(၂၀) ပြည့်လို့နေပါပြီ။ ဆယ်စုနှစ် (၂) ခုစာ အမှတ်တရ အနေနဲ့ ဒီဇင်ဘာလ (၄) ရက်နေ့မှာ အွန်လိုင်းစာမျက်နှာ၊ မဇ္ဈိမ TV Channel ကနေတဆင့် ဖျော်ဖြေပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အချိန် (၂) နာရီအကြာ ဖျော်ဖြေရမှာဖြစ်လို့ သီချင်းတွေ ကြိုတင်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေတယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က