သူတို့ကိုယ်တိုင်ပဲ အနောက်ကနေ ပံ့ပိုးပေးမယ်။

ကိုကိုဦးကတော့ သားဖြစ်သူ သီဟအောင်ကို ဝါသနာပါတဲ့ အနုပညာအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်စေချင်တဲ့ ဆန္ဒကို ပြောပြခဲ့ပါတယ်။ 

Photo: Thiha Aung



လူကြမ်းသရုပ်ဆောင် ကိုကိုဦးကတော့ အနုပညာအလုပ်ထဲကို ဝါသနာပါလို့ လျှောက်လှမ်းနေတဲ့ သားဖြစ်သူအတွက် သူ့ရဲ့ သဘောထားကို ဖွင့်ပြောလာပါတယ်။ အနုပညာအလုပ်လိုပဲ စီးပွားရေးလည်း လုပ်စေချင်တဲ့ ဆန္ဒရှိတယ်လို့ Duwun ကို ပြောပါတယ်။ 

“ သားလေးကိုတော့ စီးပွားရေး တစ်ခုခု လုပ်ဖို့ ပြောထားတယ်။ သူကတော့ ကျွန်တော်တို့ လုပ်ခိုင်းရင် လုပ်မှာပါ။ သားလေးကို သူ ဝါသနာပါတဲ့ အနုပညာအလုပ်ကို စွန့်လွှတ်ပြီး မင်း အပြင်စီးပွားရေးလုပ်ကွာ ဆိုပြီးတော့ ပြောရမှာ ပြောမထွက်ဘူး။ သားလေးကောင်းကောင်းမွန်မွန်နေရဖို့အတွက် ကျွန်တော်တို့ လင်မယားနှစ်ယောက်က အနောက်ကနေ ပံ့ပိုးပေးနိုင်ဖို့ ကြိုးစားရမှာပေါ့။ အခုချိန်မှာ သူက နာမည်လေးရနေချိန်မှာ ကိုဗစ်ကြောင့် အလုပ်တွေ ရပ်သွားရတယ်။ ဒါကြောင့် ရောင်လည်လည် ဖြစ်သွားမှာလည်း ကြောက်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: Thiha Aung

ကိုဗစ်ကာလ အေးချမ်းသွားရင်တော့ ပြင်ဦးလွင်ကို ပြန်တော့မယ်လို့ ကိုကိုဦးက ဆိုပါတယ်။ ပြင်ဦးလွင်မှာ နေထိုင်ရင်း ကိုယ်ပိုင်စီးပွားရေး အလုပ်ကို ပြန်စတင်မယ်လို့လည်း သူက ပြောပါတယ်။ 

“ ကျွန်တော့်အမျိုးသမီးက ထက်ထက်မြတ်မြတ်ရှိတယ်၊ သူ့ စီးပွားရေးနဲ့သူ ဈေးအရောင်းအဝယ်ကိုလည်း ပြောတတ်၊ ဆိုတတ်တယ်သူက။ သူ့မှာလည်း ယိုးဒယားကလာတဲ့ အလှကုန်ပစ္စည်းတွေကို အရင်က ရောင်းဖူးတယ် ရောင်းတိုင်းလည်း ကုန်တာများတယ်။ နောက်ပိုင်းကျရင် ပြင်ဦးလွင်ကို ခဏပြန်ပြီး အရင်လုပ်နေကြ စီးပွားရေးကို ပြန်လုပ်ဖို့ ရည်ရွယ်ထားတယ်။ တစ်ခါတလေကျရင် မိန်းမက ကျွန်တော်နဲ့ သား ကိုတောင် အားမရတာတွေရှိသေးတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။ 

Photo: Thiha Aung

ကိုကိုဦးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သားဖြစ်သူ သီဟအောင်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တစ်ဦးအနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က