ပရိသတ်တွေကို လွမ်းတယ်။

ကိုဗစ်ကာလမှာ ဂီတလောကသားတွေ အနေနဲ့ အွန်လိုင်းကနေ ဖျော်ဖြေပွဲ လုပ်လာကြတဲ့ အချိန်မှာ ပရိသတ်တွေကို ပိုလွမ်းမိတယ်လို့ တင်ဇာမော်က ပြောပါတယ်။ 

Photo: Tin Zar Maw



တင်ဇာမော်ကတော့ ကိုဗစ်ကာလမှာ ဂီတဖန်တီးမှုအနေနဲ့ သီချင်းအသစ်တွေလုပ်နေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အခုလို ဂီတအလုပ်တွေ နားနေရပေမယ့်လည်း အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက Online စာမျက်နှာကနေတဆင့် High-Street ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်ကြောင့် Onine ဖျော်ဖြေရေးတွေ လုပ်နေရတဲ့ အချိန်မှာ ပရိသတ်တွေကို လွမ်းတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

“ ပရိသတ်ကို လွမ်းတယ်၊ ဘယ်လိုပုံစံ လွမ်းသလဲဆိုတော့ အရင်တုန်းကဆိုရင် ကိုယ်တွေက စင်ပေါ်ကနေ ပရိသတ်ကို တည့်တည့်ကြည့်ပြီး ဖျော်ဖြေခဲ့ရတာလေ။ ပရိသတ်ရော၊ ကိုယ်ရောက မြင်ရတယ်၊ ကိုယ်မေးရင် မေးတဲ့အတိုင်း၊ ကိုယ်ဆိုရင် ဆိုတဲ့အတိုင်း တုံ့ပြန်မှုတွေ ရခဲ့တယ်။ အခုလိုမျိုးကျတော့ Online ဖျော်ဖြေရေးတွေ ဖြစ်လာတဲ့ အချိန်မှာ ပရိသတ်ကို မမြင်ရဘူး၊ ကိုယ်က ဖျော်ဖြေပြီးတော့မှ ပရိသတ်က ဘာတွေပြောသွားသလဲ ဆိုတာကို ပြန်ပြီး နားထောင်ရတယ်။ အရင်တုန်းက ချက်ချင်း သိရတယ်၊ အခုက နောက်ကျမှ သိရတဲ့ Feedback ဆိုတော့ လွမ်းတာပေါ့”လို့ ဆိုပါတယ်။ 

Photo: Tin Zar Maw

တင်ဇာမော်ဟာ သူ့ရဲ့ ဂီတဖျော်ဖြေပွဲတွေမှာ အဆိုတော် အသစ်တွေနဲ့လည်း အတူတွဲ သီဆိုခဲ့တာ တွေ့ရပါတယ်။ ဒီလို တက်သစ်စ အဆိုတော်တွေနဲ့ အတူတွဲ အလုပ်လုပ် ရတဲ့အပေါ် တင်ဇာမော်ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

“ အခုနောက်ပိုင်း Music ဖန်တီးမှုတွေကတော့ လွတ်လပ်တယ်၊ ပေါ့ပါးတယ်၊ ဖန်တီးမှုတွေကတော့ အသစ်တွေ ဖြစ်နေမှာပဲ ဒါက သဘာဝကျတယ်လို့ အစ်မမြင်တယ်။ အစ်မ သီချင်း စဆိုတုန်းကလည်း အသက်(၁၈) နှစ်အရွယ်ပေါ့နော်။ အဲဒီအချိန်မှာ မိန်းကလေးတွေ သိပ်မဆိုတဲ့ သီချင်းတွေကိုပဲ အစ်မ ရွေးချယ် ဆိုဖြစ်ခဲ့တယ်။ ဒါက တချို့ မိန်းကလေးတွေ အတွက် နားထောင်ဖို့က ဟော့ ဖြစ်ရင် ဖြစ်မှာပေါ့။ အခုခေတ် ကလေးတွေကို တွေ့ရတဲ့ အချိန်မှာ အစ်မကိုယ်အစ်မ အရင်တုန်းက အချိန်တွေကို ပြန်တွေ့နေရသလို ခံစားရတယ်” လို့ ဆက်လက် ပြောခဲ့ပါသေးတယ်။

Photo: Tin Zar Maw

အဆိုတော် တင်ဇာမော်ကတော့ ၁၉၉၅ ခုနှစ်က စပြီးတော့ ဂီတအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ ဂီတပညာရှင်ကြီး ဦးစောနုဆီမှာ ဂီတပညာရပ်ကို သင်ကြားရင်း အဆိုတော် တော်တစ်ယောက်ဖြစ်လာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ တစ်ကိုယ်တော်အခွေတွေ၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဂီတအတွေ့အကြုံတွေ အများကြီး ရှိခဲ့တဲ့ သူမဟာ Myanmar Idol (Season 1) ကနေ Season-4 အထိ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က