အွန်လိုင်းကနေ ဈေးရောင်းတဲ့အတွေ့အကြုံကို ပြောပြလာပါတယ်။

ပိုးအိအိခန့်ကတော့ ဈေးရောင်းတဲ့အခါမှာ " စကားပြောနည်းနည်းကြမ်းတဲ့ ဝယ်သူတွေနဲ့လည်း တစ်ခါတလေဆုံရတယ်" ဆိုပြီးတော့ သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ 

Photo: Poe Ei Ei Khant



ပိုးအိအိခန့်ကတော့ Online ကနေတဆင့် မြန်မာဝတ်စုံလေးတွေ၊ အမျိုးသမီးအဝတ်အထည်လေးတွေကို Live လွှင့်ပြီး ဈေးရောင်းနေသူပါ။ ကိုယ်ပိုင်စီးပွားရေးလေးကို Online ကနေ ရောင်းချတာဖြစ်တဲ့အတွက် ဝယ်သူတွေနဲ့ ဆက်ဆံရတဲ့ အတွေ့အကြုံတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

 “ အိမ်မှာထိုင်နေတာထက်စာရင် Online Sale လုပ်တာက ကိုယ့်အတွက် အတွေ့အကြုံပိုရပါတယ်။ ကိုယ်က သိပ်စကားမပြောတတ်ဘူး။ ဒါပေမယ့် ကိုယ်က ရောင်းသူတစ်ယောက်ဖြစ်သွားတဲ့ အချိန်မှာ မှန်မှန်ကန်ကန် အားပေးတဲ့ ဝယ်သူတွေလည်း ရှိတယ်၊ တချို့တွေကျတော့လည်း မှာပြီး၊ ဝယ်ပြီးမှ တာဝန်မယူကြတဲ့သူတွေလည်းရှိတယ်၊ တချို့ကျတော့လည်း မှာလည်း မှာတယ်၊ တာဝန်လည်း မယူဘူး၊ တစ်ခါတလေ ကျရင် ပြောတာဆိုတာ နည်းနည်း ကြမ်းတဲ့ သူတွေနဲ့လည်း ဆုံရတယ်၊ လူတိုင်းက Perfect မဖြစ်ပေမယ့် ကိုယ် ကြုံတွေ့ရတာလေးပေါ့နော်” လို့ သူကဆိုပါတယ်။ 

Photo: Poe Ei Ei Khant

ပိုးအိအိခန့်ဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ Online ကနေ ဈေးရောင်းရတာ အခက်အခဲတွေရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကလေးအမေ တစ်ဦးဖြစ်တာကြောင့် ကလေးကိုလည်း အချိန်ပေးရတာ ပိုများတဲ့အတွက် လုပ်ငန်းရှင်တွေရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းခဲ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။ 

“ အခုချိန်မှာ ဈေးရောင်းနေပေမယ့် တကယ်လို့ ကိုဗစ်ကြီး ပြီးသွားတဲ့အခါ၊ ညီမကို အလုပ်ရှင်တွေက အလုပ်အပ်တဲ့အခါ ကိုယ်လုပ်နိုင်သလောက်တော့ လုပ်မယ်။ ဒီအလုပ်ကို Professional ကြီးတော့ မလုပ်ဘူး။ အခုလည်း ကလေးကို အချိန်ပေးသင့်တယ်ထင်တဲ့ အချိန်တွေပေးလိုက်တယ်၊ တစ်ခါတလေ Live လွှင့်ပြီး ဈေးရောင်းချင်စိတ်ရှိမှ ရောင်းဖြစ်တာများတယ်။ ညီမကို Online Sale အတွက် အလုပ်လာအပ်တာ တွေလည်းရှိတယ် ကလေး တစ်ဖက်နဲ့ဆိုတော့ အချိန်အတိအကျ ပြန်မပြောနိုင်ဘူး။ ကလေးက အရမ်းငယ်သေးတဲ့အတွက် အလုပ်ကို အရမ်းကြီးမလုပ်ဘူး။ ဒါကို အတွေ့အကြုံတစ်ခုလိုပဲ လေ့လာဖြစ်တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 


Photo: Poe Ei Ei Khant

ပိုးအိအိခန့် ကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားခဲ့တာ တွေ့ရပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က