တစ်ကိုယ်တည်း လူပျိုကြီးပါပဲ။

G Fatt ကတော့ ပရိသတ်တွေ စိတ်ဝင်တစားရှိလှတဲ့ သူ့ရဲ့ အချစ်ရေးကို ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပါပြီ။ 

Photo: G Fatt



အဆိုတော် G Fatt ကတော့ ဂီတလောကထဲမှာ ထိပ်တန်းစာရင်းဝင် အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ရဲ့ အချစ်ရေးသတင်းတွေကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားရှိကြပါတယ်။ သူ့အနေနဲ့ နှစ်သစ်ကို ချစ်သူမရှိပဲ အလုပ်တွေ လုပ်ရင်း ဖြတ်သန်းသွားမယ်လို့ Duwun ကို ပြောပါတယ်။ 

“ ကျွန်တော်က အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးပါပဲ။ ချစ်သူ မထားတော့တဲ့ G Fatt လို့သာ ရေးလိုက်ပါ။ မစဉ်းစားတော့ပါဘူး။ ဂီတလမ်းကြောင်းပေါ်မှာလည်း ကျွန်တော် တတ်နိုင်တာထက် ကျော်လွန်တဲ့ ဖန်တီးမှုမျိုးတွေကို ရပ်တည်ပြီးတော့ ဖန်တီးပေးသွားပါဦးမယ်။ သီချင်းအသစ်တွေ ထွက်လာရင်လည်း အားမလျှော့ ဇွဲမလျှော့ဘဲနဲ့ အားပေးစေချင်ပါတယ်ခင်ဗျာ” ဆိုပြီးတော့ ဒီဇင်ဘာလ ၅ ရက်နေ့တုန်းက စည်း Music Video နဲ့ပတ်သက်ပြီး ဆုပေးပွဲမှာ ဖြေဆိုခဲ့တာပါ။
 

Photo: G Fatt

G Fatt ဟာ ဂီတကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် သီချင်းတွေ လုပ်နေရရင် ပျော်နေမိတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလပြီးရင် သူ့ရဲ့ သီချင်းအခွေ အသစ် ထွက်နိုင်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ 

“အလုပ်ကလည်းများတယ် ကိုဗစ်ပြီးရင် အခွေကလည်း ထွက်ချင်သေးတယ်။ သီချင်းတွေလုပ်ရတာရော၊ ဒီဇင်ဘာလ ထဲမှာလုပ်ချင်တဲ့ ဟာတွေရော၊ ကျွန်တော့် Team နဲ့ မန်နေဂျာတွေကလည်း ကျွန်တော့်ကို တွန်းနေကြပြီ။ တစ်ခါတလေကျရင် ကိုယ်မရွေ့ချင်လဲ သူတို့ တွန်းလို့ ရွေ့ရတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အလုပ်တွေ တော်တော် ရှု့ပ်နေတာကို သဘောကျပါတယ်။ သူငယ်ချင်းတွေနဲ့ ခရီးတွေ ထွက်မယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: G Fatt

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က