အမှတ်နဲ့ အဆင်ပြေမယ့် ကျောင်းရှာနေတုန်း။

ထင်သစ္စာကတော့ ပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစားပြီးမှ အနုပညာအလုပ်တွေ လုပ်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ပြောလာခဲ့ပါတယ်။ 

Photo: Htin Thit Sar



ထင်သစ္စာကတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေးဖြစ်ပါတယ်။ သူမဟာ ပြည်ပမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေပြီဆိုတာကို Duwun ပရိသတ်တွေအတွက် ပြောပြခဲ့ပါတယ်။ 

“ ကျောင်းကတော့ စင်ကာပူမှာ ကျောင်းသွားတက်ဖို့ မှန်းထားတယ်။ ညီမ အောင်စာရင်းနဲ့ ကိုက်မယ့် ကျောင်းကို ရှာနေတုန်းပဲ။ အနုပညာအလုပ်ကလည်း အင်တာဗျူးတွေ၊ ဓာတ်ပုံရိုက်တာတွေလောက်ပဲရှိတာ။ အခုက ကိုဗစ်နဲ့ ဆိုတော့ ဘာမှလည်း လုပ်လို့ မရသေးဘူး။ ကိုဗစ်ကြီးကိုလည်း မြန်မြန်ပြီးစေချင်ပြီ။ ဒါမှ ထင်လည်း ကျောင်း မြန်မြန်သွားတက်ပြီး ကျောင်းပြီးလို့ ပြန်လာရင် အနုပညာအလုပ်တွေလည်း မြန်မြန်လုပ်နိုင်မှာပေါ့နော်။ အခုလောလောဆယ်တော့ အနုပညာလှုပ်ရှားမှု သိပ်မရှိဘူးပေါ့နော်” လို့ သူက ဆိုပါတယ်။ 

Photo: Htin Thit Sar

ထင်သစ္စာဟာ ကျောင်း မြန်မြန်ပြီးအောင် စာကြိုးစားပြီး မိခင်ဖြစ်သူကို လုပ်ကျွေးပြုစုချင်ပြီလို့ ပြောလာပါတယ်။ အစ်ကိုဖြစ်သူ ဘုန်းမင်းနေလကလည်း အနုပညာကြေးတွေနဲ့ မိဘကို ထောက်ပံ့ပေးနေတာ တွေ့ရလို့ သူမကိုယ်တိုင်ကလည်း မိခင်ကို ငွေကြေးထောက်ပံ့ပေးချင်နေပြီလို့ ဆိုပါတယ်။ 

“ ကိုကြီးက အခုကတည်းက မေမေ့ကို ပိုက်ဆံ ရှာပေးနိုင်နေပြီ။ မေမေကကျတော့ အသက်(၁၅) နှစ်ကတည်းက ဘွားဘွားကို လုပ်ကျွေးလာတဲ့သူဆိုတော့ ထင်က အခု (၁၅) နှစ်ကျော်လာပြီ မေမေ့ကို မလုပ်ကျွေးနိုင်သေးလို့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်မကောင်းဖြစ်နေတာပါ။ အဲဒီတော့ တစ်ဖက်တစ်လမ်းကနေပြီးတော့ အိမ်မှာ လူပိုကြီး မဖြစ်ချင်တဲ့အတွက် တတ်နိုင်တာလေးတွေ လုပ်ပေးတယ်။ မေမေက Single Mother တစ်ယောက်ဖြစ်တဲ့အတွက် ထင်ကလည်း ရင့်ကျက်သင့်တာထက် ပိုရင့်ကျက်နေတယ်လို့ထင်တယ်။ ဘဝအကြောင်းကိုလည်း လိုတာထက် ပိုသိတယ်လို့ ထင်တယ်” လို့ ဆိုပါတယ်။ 

Photo: Htin Thit Sar

ထင်သစ္စာကတော့ အနုပညာနဲ့ ပတ်သက်လာရင် မိခင်ခြေရာကို နင်းမယ့် သမီးလေးလို့ ဆိုရမှာပါ။ အခုချိန်ကတည်းက သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိလို့နေပါပြီ။ လက်ရှိမှာတော့ ထင်သစ္စာဟာ သူတစ်ယောက်တည်းဖြစ်စေ၊ မိခင်နဲ့အတူဖြစ်စေ ကြော်ငြာလေးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က