ဘယ်လို ပုံစံလေး ဆန်းသစ်ထားမလဲ။

စန္ဒီမြင့်လွင်ကတော့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ထွက်ရှိတော့မယ့် “ ကောင်ကလေး” ဆိုတဲ့ သီချင်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေကို ပြောခဲ့ပါတယ်။ 

Photo: Sandy Myint Lwin



စန္ဒီမြင့်လွင်ဟာ မကြာခင်ထွက်ရှိတော့မယ့် သီချင်းအသစ်လေး နာမည်ကိုတော့ “ ကောင်ကလေး” လို့ အမည်ပေးထားပါတယ်။ မမကြီးအရွယ် ရောက်လာတဲ့အချိန်မှာ ဒီသီချင်းကို ဆိုရတဲ့ အကြောင်းကိုလည်း Duwun ကနေ အရွှန်းဖောက်ရင်း ပြောပြလာပါတယ်။ 

“ သီချင်းလေးရဲ့ အကြောင်းပြောရမယ်ဆိုရင် ကိုယ်က အခု အသက်ကြီးလာပြီဆိုတော့ မမကြီး အရွယ် ရောက်သွားပြီလေ။ ဒီတော့ ကောင်လေးတွေကို ရည်ရွယ်ပြီးဆိုတာပေါ့။ ယောက်ျားသိရင် ဆူတော့မှာ။ သီချင်းထဲမှာလဲ ကိုယ့်အသံက ပျိုနေတာပဲ။ သီချင်းရေးထားတဲ့ မိုးထက် ကတောင်ပြောသေးတယ် အစ်မ အသံက ကလေးအသံလေးဖြစ်နေတယ်တဲ့။ အစ်မကိုယ်တိုင်ကတော့ သီချင်းလေးက ချစ်စရာလည်း ကောင်းတယ်၊ သဘောလည်းကျတယ်၊ ကြိုက်လည်း ကြိုက်တယ်” လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။ 

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ရဲ့ “ကောင်ကလေး” သီချင်းဟာ Joox က ထုတ်မယ့် Album ထဲမှာ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး စန္ဒီမြင့်လွင်ရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ 

“ ဒီးဒီက Joox ကထုတ်မယ့် အခွေထဲမှာ ‘ ကောင်ကလေး’ ဆိုတဲ့ သီချင်း ပါဝင်သီဆိုထားပါတယ်။ သူတို့ကတော့ ဒီဇင်ဘာလ (၁၀) ရက်နေ့လောက်ထွက်မယ်လို့ပြောတယ်။ ဒီသီချင်းကို ကိုချမ်းအေးဝင်းက တီးပေးတယ်၊ မိုးထက် ကရေးပေးထားတာပါ။ ဒီးဒီကလေ ဒီသီချင်းကို တော်တော်ကြိုက်တယ်။ သီချင်းပုံစံက လည်း မှတ်မှတ်ရရ ကိုယ်က မိုးထက်ကို ဆရာသွားလုပ်ထားသေးတာ ဟိုလိုလေး ဆိုချင်တယ်၊ ဒီလိုလေး ဆိုချင်တယ်ပေါ့။ ကိုချမ်း ကိုဆိုလည်း အဲဒီလိုပဲ အားလုံး သေသေချာချာ တိုင်ပင်ပြီးမှ ဆိုဖြစ်ခဲ့တဲ့ သီချင်းပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Sandy Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင် ဇာတ်ကားနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက် ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ " ဆေးရောင်လှလှခြယ်ရအောင်" ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း "Queen" ၊ "ကလီယိုပါထရာ" ၊ "Papi" ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က