ပရိသတ်တွေကို လွမ်းနေရတော့မယ်။

G Fatt ကတော့ ကိုဗစ်ကာလမှာ ဖြတ်သန်းရမယ့် သူ့ရဲ့ မွေးနေ့ အစီအစဉ်လေးကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: G Fatt



အဆိုတော် G Fatt ကတော့ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ အစီအစဉ်ကို ပရိသတ်တွေ သိအောင်ပြောပြလာပါတယ်။ ကိုဗစ်ကာလမှာ ဖြတ်သန်းရတာ ဖြစ်တဲ့အတွက် ပရိသတ်တွေကို လွမ်းနေတော့မယ်လို့ Duwun ကနေ ပြောခဲ့ပါတယ်။ 

“ မွေးနေ့ဆိုရင်တော့ ပုံမှန်အတိုင်း ကျွန်တော်က Fan Meeting လုပ်ရင် လုပ်တယ်၊ မလုပ်ရင် ဖျော်ဖြေပွဲမှာ သီချင်းဆိုတာ များတယ်။ ဒီနှစ်ကျတော့ အဲဒါတွေ ဘာမှ မလုပ်ရတော့ ပရိသတ်တွေကို ကျွန်တော်က လွမ်းနေရတော့မှာပေါ့။ မွေးနေ့က အိမ်မှာပဲ နေဖြစ်ဖို့ များတယ်၊ တခြား ထူးထူးထွေထွေ လုပ်ဖို့တော့ စီစဉ်ထားတာမျိုးမရှိပါဘူး” လို့ သူက ဆိုပါတယ်။ 

Photo: G Fatt

G Fatt အနေနဲ့ ၂၀၂၀ ခုနှစ်တာကာလ ဖြတ်သန်းခဲ့ရတာတွေကို အားရကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အားရမှုရှိတဲ့ နှစ် တစ်နှစ်ပါလို့လည်း သူက ပြောပါတယ်။ 

“ ကျွန်တော် ၂၀၁၉ ဒီဇင်ဘာ ၁ ရက်နေ့က စပြီး One Man Show လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော့် ပရိသတ်တွေ အတွက် ကျွန်တော် တာဝန်ကျေတယ်လို့ ခံစားရပါတယ်။ ကျွန်တော် ထွက်သင့် ထွက်ထိုက်တဲ့ သီချင်းတွေ လုပ်သင့်လုပ်ထိုက်တဲ့ အနုပညာအလုပ်တွေကို လုပ်ခဲ့ရတဲ့ အတွက် ဒီ ၂၀၂၀ ခုနှစ်ကို အားရပါတယ်။ ၂၀၂၁ မှာလည်း ကျွန်တော် ကြိုးစားပါဦးမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
 

Photo: G Fatt

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က