ဖခင်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ပြောပြလာပါတယ်။

နိုင်လူဟာ သားသမီးတွေ အပေါ်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို အခုလို ပြောပြခဲ့ပါတယ်။ 

နိုင်လူကတော့ သူချစ်ရတဲ့ သားသမီးတွေ အတွက် သူ့ရင်ထဲက စိတ်ကူးလေးတွေကို ပြောလာခဲ့ပါတယ်။ ဖခင်တစ်ယောက် အနေနဲ့ သားသမီးတွေဘဝ ကောင်းမွန်ဖို့အတွက် သူ့ရဲ့ မျှော်လင့်ချက်တွေကို Duwun ကနေ ပြောပြလာပါတယ်။ 



“ မိဘဆိုတာ သားသမီးတွေအပေါ်ကို အရမ်းချစ်ကြတယ်။ အဲဒီအထဲမှာ ဦးနိုင်လူလည်း တစ်ယောက် အပါအဝင်ပါပဲ။ ကိုယ့်သားသမီးတွေကို အသည်း အသက်နဲ့ ထပ်တူထပ်မျှ ချစ်ပါတယ်။ သားသမီးတွေ ဘဝ ကောင်းမွန်မယ်ဆိုရင် ဦးရဲ့ အသက် လဲပေးရမယ်ဆိုရင်လည်း လဲဖို့ အဆင်သင့်ပါ။ အဖေ တစ်ယောက်အနေနဲ့ ပေးဆပ်ဖို့လည်း အသင့်ပါပဲ” လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ နိုင်လူရဲ့ သမီးလေး ခေတ်ဆည်းဆာဟာ အသက်(၄) နှစ်ရှိပါပြီ။ ဒီအရွယ်လေးနဲ့ လည်လွန်းတတ်လွန်းသလို အနုပညာအလုပ်တွေလည်း လုပ်နေတာကို တွေ့ရပါတယ်။ အိမ်မှာနေရင်လည်း သမီးလေးနဲ့ မတည့်ဘူးဆိုပြီးတော့ ရယ်မောရင်း ပြောပြခဲ့ပါတယ်။

“ သူက အသက် (၄) နှစ်တည်းနဲ့ တော်တော်လေးကို သွက်တယ်။ ကျွန်တော်က အခုချိန်မှာ အရွယ်လည်း ရလာပြီ ပြီးတော့ အစ်ကိုကလည်း ဆီးချိုရောဂါ ရှိတယ်။ ဆီးချို သမားတော်တော်များများက စိတ်မှာ တစ်ခုခုဆို စိုးကနဲ ဆတ်ကနဲဖြစ်တတ်တယ်။ ကိုယ်က အဲဒီလို ဆိုတော့ သူနဲ့ တစ်ခါတလေ မတည့်ဘူး၊ တစ်ခါတလေကျတော့လည်း ချော့ပြီး ပြောရတာပေါ့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 


သရုပ်ဆောင်နိုင်လူကိုတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း နိုင်လူက အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က