ဆုကဗျာကလည်း အိမ်ထောင်မပြုသေးဘူးလို့ ဆိုပါတယ်။

ချောရတနာကတော့ သူငယ်ချင်းဖြစ်တဲ့ ဆုကဗျာ နဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

Photo: Chaw Yadanar



သရုပ်ဆောင် ချောရတနာနဲ့ ဆုကဗျာ တို့ သူငယ်ချင်း နှစ်ဦးကတော့ နှစ်ပေါင်း(၂၀) အကြာ ရင်းနှီးခင်မင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ချောရတနာက ကိုယ်ပိုင် မိသားစု ဘဝလေးနဲ့ ရပ်တည်နေတာပါ။ အပျိုကြီးမမချော ဖြစ်တဲ့ ဆုကဗျာကိုတော့ ချောရတနာက အပူတွေ မရစေချင်တာကြောင့် အိမ်ထောင်မပြုစေချင်ဘူးလို့ ဆိုပါတယ်။

“ ဆုကဗျာနဲ့ အစ်မနဲ့ ခင်တာ နှစ်ပေါင်း(၂၀) ကျော်ပြီ။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ဘာမှ ပြောင်းလဲသွားတာမျိုးမရှိဘူး။ လုပ်ယူပြီး ပေါင်းသင်းတာမျိုး မဟုတ်တဲ့ အတွက် ဒီအတိုင်းပဲ။ ပြီးတော့ အစ်မလေ ဘယ်သူငယ်ချင်းကိုမှ အိမ်ထောင်မပြုစေချင်တော့ဘူး။ တစ်ယောက်တည်း အထီးကျန်ကောင်းတော့ ကျန်လိမ့်မယ်။ ဒါပေမယ့် သားသမီးကို ပူရတဲ့ အပူက ဘာနဲ့မှကို မတူဘူး။ အစ်မဆိုရင် တစ်ခုခုဆို ကလေးတွေဆီကိုပဲ စိတ်က ရောက်နေတာ။ ဘာအလုပ်ပဲ လုပ်လုပ် နောက်ဆံတင်းနေရတာ များတယ်။ အပျိုကြီးတွေဆိုရင် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့ရတယ်။ ဒါပေမယ့် တစ်ယောက်တည်း ရပ်တည်ဖို့ကျတော့ ပိုက်ဆံရှာဖို့ လိုတယ်။ ဒါကြောင့် အထီးကျန်ရင်လည်း ကလေးတွေကို ပူရတဲ့ အပူနဲ့တော့ ဘာမှ မပြောပလောက်ဘူး” လို့ ဆိုပါတယ်။ 

Photo: Chaw Yadanar

အိမ်ထောင်မပြုစေချင်သေးတဲ့ သူငယ်ချင်းဖြစ်သူ ချောရတနာရဲ့ပြောစကားအပေါ် ဆုကဗျာကလည်း အခုလို တုန့်ပြန်ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း အခုချိန်မှာ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ 

“ သူနဲ့ အစ်မနဲ့က တစ်ခါမှ စိတ်မကောက်ဖူးဘူး၊ ရန်မဖြစ်ဖူးဘူး။ ချောကြောင့် အစ်မရဲ့ စိတ်ထဲမှာ စနိုးစနောင့် ဖြစ်လိုက်ရတယ်ဆိုတာမျိုးမရှိဘူး။ အစ်မမှာ သည်းခံပေးလိုက်ရတဲ့ သူငယ်ချင်းတွေ ရှိဖူးတယ်။ ချောက အစ်မကို စိတ် နဲ့ရော လူကိုရော ဒုက္ခပေးဖူးတဲ့ သူငယ်ချင်းမျိုးမဟုတ်ဘူး။ပြီးတော့ အိမ်ထောင်ပြုဖို့ဆိုတာ အရမ်းလွယ်ပါတယ်၊ ယောက်ျားယူဖို့ဆိုတာလည်း လွယ်တယ်၊ ဒါပေမယ့် ဘဝတစ်ခုမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ ကိုယ့် Life ကို ကိုယ့်ဘာသာကိုယ် တည်ထောင်ရတာက ခက်ခဲတယ်။ အစ်မက ဒီလို ခက်ခဲတဲ့ ဘဝ တစ်ခုမှာ ရပ်တည်နေတဲ့ လူဆိုတော့ ဒီရပ်တည်မှုက လွယ်လွယ်နဲ့ ရတာ မဟုတ်တဲ့ အတွက် ဒီအခြေအနေလေးကို တန်ဖိုးထားတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Chaw Yadanar

ဆုကဗျာ ကတော့ ဗီဒီယို ခေတ်က သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေ အများကြီးရှိခဲ့ဖူးသူပါ။ အခုချိန်မှာတော့ သူမက ကိုယ်ပိုင်စီးပွားရေးလုပ်နေတာ ဖြစ်ပြီး အနုပညာလောကနဲ့ ဝေးကွာခဲ့ပြီဖြစ်ပါတယ်။ ချောရတနာကလည်း နှစ်ပေါင်း(၂၀) ကျော်အကြာ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၂ ခုနှစ်က ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ အိမ်ထောင်ပြုပြီးနောက် အခုဆိုရင် ရင်သွေးလေး နှစ်ယောက် ပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က