ခင်ပွန်းကို ကလေး ထိန်းခိုင်းဖြစ်တယ်။

ပိုးအိအိခန့်ကတော့ ရင်သွေးလေးရဲ့ တာဝန်ကို သူမရော၊ ခင်ပွန်းဖြစ်သူကပါ မျှမျှတတဆောင်ရွက်လေ့ရှိတဲ့ အကြောင်းကို ပြောပြလာပါတယ်။ 

Photo: Amzaing Grace



ပိုးအိအိခန့်ကတော့ သားလေးကိုကိုး ကို သူမတင်မက ခင်ပွန်းဖြစ်သူကိုပါ ထိန်းကြောင်းခိုင်းတယ်လို့ ဆိုပါတယ်။ မိခင်ရဲ့ နွေးထွေးမှုကို သိရှိပြီးသား ကလေးတစ်ယောက်အနေနဲ့ ဖခင်ဖြစ်သူရဲ့ နွေးထွေးမှုကိုလည်း သိစေချင်တယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ကိုအောင်သူ့ကိုလည်း ကလေးထိန်းခိုင်းတယ်ဆိုတာကလေးနဲ့ ရင်းနှီးမှုပိုရစေချင်တယ်။ အမေ နဲ့သာမက ဖခင်နဲ့လည်း နွေးထွေးတဲ့ ဆက်ဆံရေးကို ဖြစ်စေချင်တာ။ ကိုအောင်သူကလည်း ကလေးကို မွေးကတည်းက ထိန်းပေးလာတဲ့ အဖေ ဆိုတော့ အခုချိန်မှာ ကလေးက အဖေကိုရော၊ အမေ ကိုရော ကပ်တယ်၊ အဖေ အနားမှာ မရှိရင်လည်း သူမနေတတ်ဘူး၊ အမေ အနားမှာ မရှိရင်လည်း အော်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Amzaing Grace

ပိုးအိအိခန့်ကတော့ သားလေးရဲ့ နာမည်ကို ဟန်ဦးသွင် လို့ အမည်ပေးထားပြီး အိမ်ခေါ်နာမည်ကိုတော့ ကိုကိုးလေး လို့ နာမည်ပေးထားပါတယ်။ အခုဆိုရင်တော့ ကိုကိုး ဟာ အသက် (၁) နှစ်နဲ့ (၅) လ ရှိပါပြီ။ သားလေး နဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကိုလည်း ပြောပြလာပါသေးတယ်။ 

“ အမှန်အတိုင်းပြောရရင် သူတု့ိ အရွယ်တွေက စိမ်းစိမ်းစိုစိုလေးတွေ ပြရမယ့် အရွယ်၊ အပြင် ဗဟုသုတလေး တွေ သိရမယ့် အရွယ်ဆိုတော့ ခဏတဖြုတ်တော့ ပန်းခြံကို ခေါ်သွားတာမျိုးရှိတယ်။ သူက ဂျီကျတတ်တဲ့ ကလေး တစ်ယောက်တော့ မဟုတ်ပါဘူး။ ကလေးတိုင်းက ဒီအရွယ်မှာ လေ့ကျင့်ပေးလို့ရှိရင် မှတ်သားနိုင်တဲ့ အားက အရမ်းကောင်းတယ်။ အခု အရွယ်မှာတော့ သူ့ရဲ့ ဝါသနာကိုလည်း ပြောရခက်တယ်။ သူတို့ အတွက် ဘာပဲ မြင်မြင် အသစ်အဆန်းတွေချည်းပဲ၊ ဘောလုံးလေး ပြလိုက်ရင်လည်း အဆန်းဖြစ်နေလိမ့်မယ်၊ သီချင်းလေး ဖွင့်ပြလိုက်ရင်လည်း သူတို့ နားထောင်မှာပဲ။ သူတို့ကို ဘာလေးပဲ ပေးလိုက် ပေးလိုက် သူတို့ အတွက် သဘောကျစရာလေးတွေပဲ ဖြစ်နေမှာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Amzaing Grace

ပိုးအိအိခန့် ကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး အနုပညာအလုပ်တွေ ရပ်နားခဲ့တာ တွေ့ရပါတယ်။ သူမဟာ ဇာတ်လမ်းတွဲတွေ၊ ဗီဒီယို ဇာတ်ကားတွေလည်း အများကြီးရိုက်ကူးထားတဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က