အစားအသောက်နဲ့ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားကြတယ်။

Project K အဖွဲ့ဝင် မင်းခန့်ဟိန်းကတော့ ကိုရီးယား လူမျိုးတွေကို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေကို တွေမျှဝေခွင့်ရခဲ့တဲ့ အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Min Khant Hein



မင်းခန့်ဟိန်းကတော့ မြန်မာလူငယ် အဆိုတော် အက အဖွဲ့တစ်ခုဖြစ်တဲ့ Project K ရဲ့အဖွဲ့ဝင်တစ် ယောက်ဖြစ်ပါတယ်။ Project K အဖွဲ့ဟာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 ဖျော်ဖြေပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက် ဖျော်ဖြေခဲ့ပါသေးတယ်။ သူတို့ သွားရောက်တဲ့ အချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကိုရီးယား လူမျိုးတွေရဲ့ အမေးအများဆုံး အရာလေးကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ကိုဗစ်ကာလကြီးထဲမှာ သွားရတဲ့ ခရီးဆိုတော့ အရမ်း စိုးရိမ်ပြီးတော့ ပူပန်နေခဲ့ရတာတွေလည်းရှိတယ်။ တကယ်ရောက်သွားတော့လည်း သူတို့ ကိုယ်တိုင်က မြန်မာက လာမယ် ဆိုတော့ ဘယ်လို ပုံစံမျိုးလည်းဆိုပြီးတော့ ရောက်သွားတဲ့ နေ့အထိကို နည်းနည်း လန့်တာတွေ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့က ရင်းရင်းနှီးနှီး ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပဲ ဆိုတော့ အကုန်လုံးကလည်း သဘောကျတယ်။ နောက်နှစ်တွေလည်း ထပ်တွေ့ချင်တဲ့ အကြောင်း ပြောခဲ့တာတွေရှိပါတယ်။ သူတို့ အများဆုံး မေးကြတဲ့ မေးခွန်းတွေက ကျွန်တော်တို့ နိုင်ငံရဲ့ အစားအသောက်နဲ့ ယဉ်ကျေးမှု အကြောင်းပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် ဘယ်အစားအစာက ကောင်းတယ်၊ ဘယ်လိုနေရာတွေကတော့ စည်ကားတယ် ဆိုတာလေးတွေကို ကျွန်တော်တို့ သိသလောက် မျှဝေခဲ့ပါတယ်” လို့ သူက ပြောပါတယ်။ 

Photo: Min Khant Hein

ကိုရီးယား လူမျိုးတွေရဲ့ အလုပ်အပေါ် ထားတဲ့ ကြိုးစားမှုတွေကိုလည်း ကိုယ်တိုင်မြင်တွေ့လာခဲ့ရတဲ့ အတွေ့အကြုံတွေကို မင်းခန့်ဟိန်းက မျှဝေလာခဲ့ပါတယ်။ ဒီ အတွေ့အကြုံတွေကလည်း သူ့ အတွက် ကြိုးစားဖို့ ခွန်အားရစေခဲ့တဲ့ အမှတ်တရတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ ကိုရီးယားမှာ အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ သူတို့ရဲ့ Entertainment မှာ သူတို့ရဲ့ လှုပ်ရှားပုံတွေ၊ အဆိုလေ့ကျင့်မှုတွေ၊ သူတို့ရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ အများကြီးကို သင်ယူခွင့်ရခဲ့တယ်။ ကျွန်တော်တို့ အတွက်ကတော့ နေ့ရက်တိုင်းက တကယ်ကို အမှတ်တရပါပဲ။ ကွာဟချက်ကတော့ သူတို့အသက် (၁၂) နှစ်၊ (၁၃) နှစ်လောက်ကတည်းက Entertainment နဲ့ တောက်လျှောက် ကြိုးစားလာခဲ့ကြတာ။ ကျွန်တော်တို့ နိုင်ငံမှာတော့ အဲဒီလိုမျိုးမထွန်းကားသေးဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရတယ်၊ ကိုယ့်ဘာသာကိုယ်ပဲ အနုပညာအပိုင်းရော၊ တခြားအပိုင်းတွေကိုရော ဘာတွေလုပ်ရမလဲဆိုတာကိုလည်း နောက်ကျပြီးတော့ ကျန်ခဲ့ရတယ်။ ကိုရီးယားကို သွားတဲ့ အချိန်မှာတော့ သူတို့ရဲ့ လုပ်ပုံ ကိုင်ပုံတွေကို ကြည့်ပြီး တကယ်ပဲ အားတက်ခဲ့ရတယ်။ ကြိုးစားချင်စိတ်တွေ အရမ်းလည်း ပေါ်ခဲ့ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: HSH

မင်းခန့်ဟိန်းကိုတော့ Project K အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ ပိစိ လို့ ခေါ်လေ့ရှိကြပါတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။ ဒီဇင်ဘာလ (၁၀) ရက်နေ့တုန်းကလည်း မင်းခန့်ဟိန်းရဲ့ Single Song သီချင်းအဖြစ် “ ရာနှုန်းပြည့်” ဆိုတဲ့ သီချင်းလေး ထွက်ရှိထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က