မနက်ဖြန် ကိုဗစ်တင်တာကနေ ပြန်ခွင့်ရခဲ့ပါပြီ။

လူရွှင်တော်ကြီး ဦးမိုးဒီကတော့ ကိုဗစ်ရောဂါ ကင်းစင်သွားပေမယ့် ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူရဦးမယ် ဆိုပြီးတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။ 

Photo: Kaung Zan



ပရိသတ်တွေကို ဟာဒယရွှင်ဆေး အမြဲတိုက်ကျွေးလေ့ရှိတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ဧရာဝတီ ကွာရန်တင်းစင်တာမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၂) ရက်နေ့ ဆိုရင်တော့ ကွာရန်တင်းကနေ အိမ်ပြန်ရမှာ ဖြစ်ပေမယ့် သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ SSC ဆးရုံမှာ ဆေးကုသမှု ခံယူသွားရမယ်လို့ သိရပါတယ်။ 

“ ဘဘ အခု ကွာရန်တင်း ဝင်နေရတာ (၂၁) ရက်ရှိပါပြီ။ ဒီနေ့တော့ ဘဘရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဧရာဝတီစင်တာမှာရှိတဲ့ ဆရာဝန်ကြီးတွေ ပါမောက္ခကြီးတွေနဲ့ ဆွေးနွေးကြတော့ မနက်ဖြန်ကို ကွာရန်တင်း ထွက်တဲ့။ ပြီးရင် ဒီကနေပြီးတော့ ရောဂါပိုး ကင်းစင် စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေးမယ်။ အဲဒီ လက်မှတ်နဲ့ SSC ဆေးရုံကို ဆက်တက်ရမှာပါ။ နဂိုကတည်းက ဘဘမှာ နှလုံးသွေးကြော ကျဉ်းတာ တွေရှိတယ်။ ကျောက်ကပ် အားနည်းတာလည်းရှိတယ်၊ သည်းခြေ ကျောက်တည်တာ၊ အသည်းမှာ အဆီဖုံးတာ ဒီရောဂါတွေရှိတဲ့အတွက် SSC မှာ ဘဘက ဆေးရုံ ဆက်တက်ရဖို့ ရှိတယ်။ သူတို့ ဆေးရုံမှာထားပြီး ဆေးကုပေးမလား၊ ဒါမှ မဟုတ် အိမ်မှာပဲ အပြင်လူနာအဖြစ် ကုပေးမလားဆိုတာ သေချာ မသိသေးဘူး။ ဘဘကို လောလောဆယ် တစ်ပတ်စာ ဆေး ပေးထားတယ်။ အဲဒီဆေးတွေ ကုန်မှ ဆေးရုံတက်ခိုင်းမလားလည်း သေချာ မသိဘူး” လို့ ဦးမိုးဒီက Duwun ကို ပြောပြလာပါတယ်။

 

Photo: Kaung Zan

ဦးမိုးဒီရဲ့ ကျန်းမာရေး အခြေအနေကို သိတဲ့ ပရိသတ်တွေကလည်း ကျန်းမာရေး ပြန်ကောင်းလာဖို့ လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဆုတောင်းစကားတွေ ပြောထားကြပါတယ်။ ဆေးဖိုးဝါးခတွေလည်း ကူညီ ထောက်ပံ့ပေးကြတယ်လို့ ဦးမိုးဒီက ပြောပါတယ်။ 

“ ဘဘကို ပရိသတ်တွေက စိုးရိမ်လား မစိုးရိမ်လားဆိုတာ ဆေးဖိုးဝါးခတွေလည်း ထောက်ပံ့ပေးကြတယ်။ ဂရုစိုက်ဖို့ကိုလည်း အရမ်းမှာကြတယ်။ ကျန်းမာရေးလည်း ပြန်ကောင်းချင်ပြီ။ ပြီးရင် ဘဘလည်း အငြိမ့်လေး (၂) ခု၊ (၃) ခုလောက် ရိုက်ဖို့ရှိတယ်။ ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေနဲ့ ပြည်သူရဲ့ အချစ်ကို ရယူချင်သေးတယ်။ ဒါလေးတော့ ရိုက်ခွင့်ပေးစေချင်ပါတယ်”လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Kaung Zan

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သားဖြစ်သူကောင်းစံကလည်း အနုပညာလောကမှာ လူရွှင်တော် တစ်ယောက်အဖြစ်သာမက ဟာသသရုပ်ဆောင် အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က