‘ မင်းနဲ့ နီးချင်လို့’ သီချင်းလေး ထွက်ထားတယ်။

‘ Don’t You Know’ သီချင်းနဲ့ အောင်မြင်လာတဲ့ အဆိုတော်မလေး Grace ကတော့ သူ့ရဲ့ အသစ်ထွက်ရှိလာမယ့် သီချင်းအသစ်လေးအကြောင်းကို အခုလို ပြောပြလာပါတယ်။ 

Photo: Grace



‘ Don’t You Know’ သီချင်းနဲ့ ပရိသတ်ကြားထဲမှာ ရေပန်းစားခဲ့တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေး အဆိုတော် Grace ကတော့ နောက်ထပ် အချစ်သီချင်းမြူးမြူးလေး ထွက်ရှိလာဦးမှာဖြစ်ပါတယ်။ နောက်ထပ်လည်း သီချင်းအသစ်တွေ ထပ်ထွက်လာဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

“ အခု ညီမထွက်ထားတဲ့ သီချင်း အသစ်လေးက ‘ မင်းနဲ့ နီးချင်လို့’ ဆိုတဲ့ သီချင်း အသစ်လေးပေါ့နော်။ ဒီ သီချင်းလေးကို ကိုယ်တိုင်ကလည်း အားရတယ်။ သီချင်းပုံစံက မြူးမြူးလေးပါ။ ဒီသီချင်းကို ဖန်တီးတဲ့ အချိန်မှာ ပါတီပွဲတစ်ခုမှာ ဆုံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရေးထားတာပါ။ ဒါပေမယ့် ကိုယ် မကြုံဖူးတဲ့ ဟာကို သီချင်းရေးရတာ ဆိုတော့ နည်းနည်းတော့ ခက်ခဲတာပေါ့နော်။ အခုက ကိုဗစ်ကာလဆိုတော့ Grace လည်း သီချင်းလေးတွေကို ကြိတ်လုပ်နေတဲ့သူထဲမှာပါတယ်။ ၂၀၂၁ ထဲမှာတော့ ဒီသီချင်းတွေကို ချပြသွားဖို့ စီစဉ်ထားတယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: Grace

Grace ကတော့ အချစ်သီချင်းလေး နဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်လို့ အသည်းကွဲ သီချင်းတွေကိုလည်း ထပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။ 

“ အသည်းကွဲ သီချင်းတွေရော၊ တခြားသီချင်းတွေရော မျိုးစုံ ဆိုသွားမှာ။ ဒါပေမယ့် အခုချိန်ထိတော့ အသည်းမကွဲဖူးသေးပါဘူး။ ညီမက ဇာတ်လမ်းတွေ များများကြည့်တယ်၊ သူများ သီချင်းတွေလည်း များများ နားထောင်တယ်။ စာသားလေးတွေကို ဘယ်လိုတွေ ထည့်သုံးထားသလဲ ဆိုတာလေးတွေ လေ့လာတာပေါ့နော်။ ကိုရီးယား ဇာတ်ကားတွေ ကြည့်ပြီး Feel တာပေါ့။ ကိုယ်တိုင်က Romantic လည်း ဆန်တဲ့သူဆိုတော့ အချစ်သီချင်းလေးတွေ ဆိုဖြစ်တာပေါ့နော်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

Photo: Act

Grace ကိုတော့ ' Don't You Know' သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒီ သီချင်းထဲမှာတော့ Grace က သရုပ်ဆောင် ရဲနောင် နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာပါ။ မိန်းကလေးဘက်က တိတ်တခိုး ချစ်နေရတဲ့ ကောင်မလေး တစ်ယောက် ရဲ့ ပုံစံကို Grace က ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က