ဆု လည်း ရှေ့ဆင့် နောက်ဆင့်ရတယ်။

ဖွေးဖွေးကတော့ ညီမဖြစ်သူ ဝတ်မှုံရွှေရည်နဲ့ အတူ ရှေ့ဆက် ဆောင်ရွက်သွားမယ့် အနုပညာလှုပ်ရှားမှုတွေ အကြောင်း ပြောပြခဲ့ပါတယ်။ 

Photo: Phway Phway



ထိပ်တန်း အနုပညာရှင် မင်းသမီး နှစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအစ်မ နှစ်ဦးကတော့ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို တိုက်ဆိုင်ခဲ့တဲ့ အမှတ်တရလေးတွေကို မီဒီယာ အင်တာဗျူးတွေမှာ ပြောပြလာပါတယ်။ 

“ ဖွေးတို့ ညီအစ်မ နှစ်ယောက်မှာ ထူးဆန်းတာက မွေးတော့လည်း တစ်ရက်ပဲ ကွာတယ်။ ပြီးတော့ အမှတ်တရ အနေနဲ့ အကယ်ဒမီဆုတွေပဲ ဖြစ်ဖြစ်၊ Asia Special Award ဆု ဆိုရင်လည်း ရှေ့ဆင့် နောက်ဆင့် ရကြတယ်။ ဘာပဲဖြစ်ဖြစ် ဖွေးကတော့ ကိုယ့်ရဲ့ ညီမအတွက် ဂုဏ်ယူပါတယ်။ တစ်နေ့နေ့ ကျရင်တော့ ညီအစ်မ နှစ်ယောက် ရုပ်ရှင်အတူတူ ရိုက်ဖို့ ရှိပါတယ်၊ ဖွေးတို့ နှစ်ယောက် ထုတ်ရမယ့် နေ့ကျရင်ပေါ့နော်။ ဘယ်လို ဇာတ်ကားမျိုးဆိုတာတော့ မစဉ်းစားရသေးပါဘူး” လို့ ဆိုပါတယ်။ 

Photo: Amaxing Grace

ဒီဇင်ဘာလ (၆) ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Special Award ဆုချီးမြှင့်ပွဲမှာ ဖွေးဖွေးက မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Asia Special Award ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ပီတိကိုလည်း ပြောပြခဲ့ပါသေးတယ်။ 

“ ကိုဗစ်ကာလမှာ ဘာဆုမှ မရလောက်ဘူးလို့ ထင်ထားတာ။ ဒါပေမယ့် JBJ Entertainment ကနေ ဆက်သွယ်လာပြီးတော့ Asia Special Award ဆု ချီးမြှင့်ချင်တယ်ပေါ့။ နိုင်ငံ တစ်နိုင်ငံစီရဲ့ ပရိသတ်အားပေးဆုံး အနုပညာရှင်တွေကို ဆုချီးမြှင့်ချင်တာ ဖြစ်တဲ့အတွက် ဆုလက်ခံပေးဖို့ပြောလာတယ်။ အဲဒီအတွက် ဖွေးရဲ့ ပရိသတ်တွေရော၊ ဖွေးကို ချစ်တဲ့ Fan တွေ အကုန်လုံး ဂုဏ်ယူရအောင်လို့ ဒီဆုကိုလက်ခံဖြစ်လိုက်တာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Phway Phway & Wutt mhone shwe Yi

ဖွေးဖွေး(Phway Phway)ဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်များစွာတို့ရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။ ဝတ်မှုံရွှေရည်ကလည်း အကယ်ဒမီထူးချွန်ဆုတွေသာ မက ပြည်ပက ချီးမြှင့်ခဲ့တဲ့ ဆုတွေလည်း ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က