ဒီနေ့ မနက်မှာ မွေးဖွားခဲ့တာပါ။

သက်သခင်ကတော့ ဒီနေ့ မနက်(၅) နာရီ မိနစ်(၄၀) တုန်းက အာယုအင်တာနေရှင်နယ် ဆေးရုံမှာ သားလေးကို မွေးဖွားခဲ့တာပါ။ 

Photo: Soe Yan Aung



သရုပ်ဆောင် စိုးရန်အောင် နဲ့ သက်သခင်တို့ ဇနီးမောင်နှံကတော့ ဒီနေ့ မနက် (၅) နာရီ မိနစ် ၄၀ ခန့်က ပထမဆုံး ရင်သွေးလေးကို အာယုအင်တာနယ်ရှင်နယ် ဆေးရုံမှာ အောင်အောင်မြင်မြင် မွေးဖွားလိုက်ပြီဖြစ်ပါတယ်။ ရင်သွေးလေးကိုတော့ စိုးရန်အောင်က ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ 

" သားလေး အမေရော သားလေးပါ ကျန်းကျန်းမာမာဖြင့် နံနက် ၅:၄၀ က မွေးဖွားခဲ့ပါသည်" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၄) ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။

Photo: Soe Yan Aung

စိုးရန်အောင်ဟာ ဒီဇင်ဘာလ (၁၃) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်းသားလေးကို စောင့်မျှော်နေတဲ့အကြောင်းတွေ ပြောခဲ့ပါသေးတယ်။ ဒါ့ပြင် ပရိသတ်တွေရဲ့ အားပေးစကားသံတွေကြောင့် မိခင်ဖြစ်သူလည်း ခွန်အားတွေ ရနေတယ်လို့ သက်သခင်ကလည်း အဆိုပါ Live ထဲမှာ ပြောခဲ့ပါတယ်။ 

Photo: Soe Yan Aung

အနုပညာလောကထဲမှာ နေရာတစ်နေရာစီ ခိုင်ခိုင်မာမာရရှိထားတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့ ဇနီးမောင်နှံဟာ ချစ်သူသက်တမ်း(၈) နှစ်ကျော်မှာ လက်ထပ်ခဲ့ကြတာပါ။ အိမ်ထောင်သက်တမ်းကတော့ အခုဆိုရင် (၂) နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းပွဲကို နိုဝင်ဘာ(၉)ရက်နေ့က အင်လျားလိတ်ဟိုတယ်မှာ အရင်ဆုံး ပြုလုပ်ခဲ့တာပါ။စေ့စပ်ပြီး လအနည်းငယ်အကြာ ၂၀၁၈ခုနှစ် ဧပြီ(၆) ရက်နေ့က ကိုးမိုင်ရှိ ပရိယတ္တတိသဒ္ဓမ္မပါလ အောင်မြေဘုံသာ သျှာမ်းကျောင်းတိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က