ခါးရိုးကျိုး ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရတာပါ။

ချစ်သုဝေကတော့ ဆေးရုံပေါ်မှာ (၁၁) ရက်အကြာဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး လက်ရှိ သူမရဲ့ ကျန်းမာရေး အခြေအနေကို အခုလို ပြောပြလာပါတယ်။ 

Photo: Chit Thu Wai



အဆိုတော် ချစ်သုဝေကတော့ လှေကားပေါ်က ချော်ကျရင်း ခါးရိုးကျိုး ဒဏ်ရာ ရရှိခဲ့တာဖြစ်တဲ့အတွက် အရေးပေါ် ဆေးရုံတက်လိုက်ရတာဖြစ်ပါတယ်။ ဆေးရုံမှာ (၁၁) ရက်အကြာ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးအခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။ 

" ထိုင်နိုင်ထနိုင် သက်သာလာပါပြီ။ သမီးလေးတွေနဲ့မို့ထင်ပါရဲ့ ရွှင်ရွှင်လန်းလန်းအားတွေရှိနေရော..1st decemberမှာ လှေကား၂ဆင့်ချော်ကျတော့ pain shock ရသည်အထိ ထိမရအောင်နာကျင်တာ ဆရာ ဇော်ဝေစိုးဆီ အားကိုးတကြီးဆက်မိ ငိုလိုက်မိတာတအား Ambulance နဲ့ဆေးရုံရောက် ဆရာရော၊ မမငြိမ်းရော ရောက်လာကြည့်ပေး အားကိုးပြီးမျက်ရည်ကကျ သိနေတာကိုး တခုခုတော့ ကျိုးပြီဆိုတာ..CT ရိုက်တော့ transverse process L2&3 fracture Bed rest... pain killerထိုး..support ဝတ်နေ..ဒါပဲ။ ၃ ရက်လောက်နေထတော့လို့ ပြောပေမယ့် ကိုယ့်မှာတော့ ၉ ရက်မြောက်မှထနိုင်တယ်..ထနိုင်တဲ့အချိန်တုန်းက ဟာ မျက်ရည်ကျပြီးပျော်လို့ရယ်.. ထပြီးသိပ်မကြာ..fainting attackရတော့ အတော်လန့်သွားတာတစ်ရက်နား ပြီး ဒီနေ့ day 11မှာတော့ အတော် ထူထူထောင်ထောင်ပါပဲ သတိကြီးကြီးနဲ့ ဖြည်းဖြည်းချင်း လည်းသွားနိုင်ထိုင်နိုင်လာတယ်။ ပိုပိုသက်သာအဆင်ပြေလာဖို့ပဲရှိပါတယ်လို့ဆုတောင်းစိတ်ပူဂရုစိုက်ပေးကြတဲ့ မိတ်ဆွေ အားလုံးကျေးဇူးပါ” ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Chit Thu Wai

သူမ ဟာ ကျန်းမာရေးမကောင်းတဲ့ အချိန်မှာ ဘေးကနေ အနီးကပ်ပြုစုစောင့်ရှောက်ပေးသူတွေကို ကျေးဇူးတင်စကား ဆိုထားပါတယ်။ ဒါ့အပြင် ဖျော်ဖြေပွဲကိုတောင် ဖြတ်လိုက်ပြီး ဇနီးအတွက် အချိန်ပေး ခဲ့တဲ့ ခင်ပွန်းဖြစ်သူ လင်းလင်း ရဲ့ အပင်ပန်းခံ ဂရုစိုက်မှုတွေအပေါ် ကျေးဇူးတင်နေရတဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ မေကြီး,ဒေ,..ဒီအရွယ်ကြီးထိ ကိုယ့်ကို လုပ်ကိုင်ပေးနေရတော့ စိတ်အတော်မကောင်းဘူး။ ဖေပူး...မိန်းမအပေါ် အဲဒီလောက် အပင်ပမ်းခံ ကိုယ်တိုင် ပြုစု ပေးနိုင်မယ်မထင်မိခဲ့ဘူး။ show ရိုက်ကူးရေးလည်းရွှေ့ပစ်တယ်(စိတ်မကောင်းပေမယ့် သူအဲဒီ လိုရွှေ့တာကို တအားကြည်နူးကျေနပ်ခဲ့တာ ..ဟယ် ငါက ပိုအရေးကြီးသားပဲ ဆိုပြီး) R mo...တကယ့်ကို ညီမအရင်းလေးပါပဲကွာ..မင်းက.. သူငယ်ချင်း တွေ..စားစရာတွေပို့ ကျမ်းချက်တွေဖို့ စိတ်ခွန်အားစာတွေပို့နဲ့ ကိုယ်လိုစိတ်မြန်စိတ်များ သူကိုသူငယ်ချင်း တော်မိတော့ သူတို့ကချည်း ဂရုစိုက်နေရတော့တာ..သြော်...ကိုယ့်ဘဝရဲ့ blessingတွေ.. ကျေးဇူးပါ..မကြာခဏ ကိုယ့်ကိုချစ်သူတွေကိုစိတ်ပူစေလို့လည်း တောင်းပန်ပါတယ်လို့” လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ 

Photo: Chit Thu Wai

ချစ်သူဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ချစ်သုဝေဟာ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့အတူ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ " ခေတ်သစ်ဖောင်ဒေးရှင်း" ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က