ဇနီးဖြစ်သူကသတင်း အမှန်ကို ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ဗေလုဝ ကွယ်လွန်တဲ့ သတင်းဟာ မဟုတ်မမှန်ကြောင်းကို မိသားစုနဲ့ အကယ်ဒမီလွင်မိုးက ပြန်လည် ဖြေရှင်းထားပါတယ်။

Photo:: Bay Lu Wa



ဗေလုဝ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ ဒီဇင်ဘာလ (၁၄)ရက်နေ့ ည (၇) နာရီခွဲ ဝန်းကျင်က လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပျံ့နှံ့ လာခဲ့ပါတယ်။ ဗေလုဝ အနေနဲ့ ကွယ်လွန်သွားတာ မဟုတ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်လျှက် ရှိကြောင်းကိုလည်း ဇနီးဖြစ်သူ ဒေါ်စုစုနိုင်က အခုလို ပြောလာပါတယ်။  

 "သတင်းတွေထွက်နေတာက မဟုတ်မမှန် ကောလဟလသတင်းတွေပါသမီးရယ်။ ဒီကိစ္စပဲ တနေ့လုံး‌ဖြေရှင်းနေရတာ စိတ်ညစ်ပါတယ်။ ဦးဗေကဘာမှ မဖြစ်ဘူး ။ အိမ်မှာကျန်းကျန်းမာမာရှိပါတယ် ။လူ‌တွေကလည်း အလုပ်အကိုင်မရှိကြဘူးထင်ပါတယ်။ ကျန်းမာနေပါတယ်ဘာမှမဖြစ်ပါဘူး" လို့ Duwun ကို ပြောပါတယ်။

Photo: Bay Lu Wa

လွင်မိုးကတော့ သရုပ်ဆောင် ဗေလုဝ နဲ့ ပတ်သက်ပြီး သတင်းအမှားကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့မိတဲ့ အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူတင်ခဲ့တဲ့ သတင်းကြောင့်လည်း အနုပညာရှင်အချင်းချင်းက ယုံကြည်ပြီး ဗေလုဝအတွက် စိတ်မကောင်းဖြစ်နေခဲ့ကြတာပါ။ ဒါပေမယ့် အချိန်တိုအတွင်းမှာ လွင်မိုးက ဗေလုဝ ကွယ်လွန်သွားတာ မဟုတ်တဲ့ အကြောင်းကို ပြန်လည် ဖြေရှင်းခဲ့ပါတယ်။  

“ ပထမက ဒီသတင်းကို အနုပညာအသိုင်းအဝိုင်းထဲကပဲ ကိုဗေလုဝ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကြားခဲ့တာပါ။ အခုကျတော့ သတင်းအမှန်ကို သိရတဲ့ အချိန်မှာ ကျွန်တော်လည်း သတင်းကို ပြန်ပြောင်းပြီးတင်ရင်း တောင်းပန်ထားပါတယ်” လို့ Duwun ကို ပြောပါတယ်။ ။

 

Photo: Lwin Moe

ဗေလုဝ ဟာ နိုဝင်ဘာလ (၁၇) ရက်နေ့ တုန်းက ဦးနှောက်သွေးကြောပိတ်ခဲ့တဲ့ ရောဂါကြောင့် ပင်လုံဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ နိုဝင်ဘာလ (၂၁) ရက်နေ့မှာတော့ ဆေးရုံကနေ ဆင်းခွင့်ရခဲ့တာဖြစ်ပြီး နေအိမ်မှာ ပဲ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျန်းမာရေး အနည်းငယ် ကောင်းမွန်လျှက်ရှိပြီး စကားလည်း ပြန်လည် ပြောဆိုနိုင်တာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က