Shwe FM က ဆုချီးမြှင့်ခဲ့တာပါ။

ဖြိုးမြတ်အောင်ဟာ Shwe FM က ချီးမြှင့်ထားတဲ့ ဆုကြေးငွေတွေကို အလှူအတန်းတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Phyo Myat Aung



အဆိုတော် ဖြိုးမြတ်အောင်ကတော့ Shwe FM (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲကြီးကနေ ချီးမြှင့်တဲ့ပရိသတ် တောင်းဆိုမှု အများဆုံး အမျိုးသားတေးသံရှင်ဆုကို ရရှိခဲ့တာပါ။ ဒီ ဆုချီးမြှင့်ပွဲက ရတဲ့ ဆုကြေးတွေကိုလည်း အလှူအတန်းတွေ လုပ်သွားမယ်လို့ Duwun ကို ပြောပါတယ်။ 

“ အခုခေတ်ကာလကြီးထဲမှာ ဆုတွေ အပြင် ငွေသားပါ ချီးမြှင့်ပေးတဲ့အတွက်လည်း တကယ်ကို ဝမ်းသာမိတယ်။ ကိုယ်လည်း လှူချင်တဲ့ နေရာလေးတွေရှိရင် လှူရမှာပေါ့နော်။ ကြုံရင် ကြုံသလို လှူမှာပါ ဒီဆုရရင် ဒီနေရာကို လှူမယ်ဆိုပြီးတော့ သတ်သတ်မှတ်မှတ် ထားတာမျိုးတော့ မရှိပါဘူး။ ကျွန်တော့် စိတ်ထဲမှာ ပေါ်လာရင် ပေါ်လာသလိုမျိုး လှူသွားဖို့တော့ စိတ်ကူးထားပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Phyo Myat Aung

ဖြိုးမြတ်အောင်ဟာ အဆိုတော် တစ်ယောက်အဖြစ် ဂီတလမ်းကြောင်းပေါ်ကို ရောက်ရှိလာတာ (၂) နှစ်ကျော်လာပြီဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း အဆိုတော်မဖြစ်ခင်က ဖြိုးမြတ်အောင်နဲ့ ကွာခြားသွားတာလေးတွေ ရှိတယ်လို့ ဆိုပါတယ်။ 

“ ဂီတလမ်းကြောင်းပေါ်ရောက်လာတဲ့ ၂ နှစ်အတွင်းမှာလည်း နေမှုထိုင်မှုလေးတွေ ကျွန်တော် သိလာတယ်။ အစပိုင်းကတော့ ကျွန်တော် ကျင်လည်လာခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့မတူတော့ နေသားမကျဘူး။ အရင်တုန်းကဆိုရင် ကိုယ်က ခြေမြန် လက်မြန်သမား၊ ကိုယ့်ကို ကြည့်ရင်တောင် မကြိုက်ဘူး။ ဒါပေမယ့် အခုလို အချိန်မှာ အရာရာကို သည်းခံလာတယ်၊ နားလည်လာတယ်။ ကျွန်တော့်ကို လူတစ်ယောက်က ပြောဖူးတယ် အနေအထိုင်တွေ၊ အကျင့်စရိုက်တွေ ပြောင်းလဲလာရင် လူတစ်ယောက်ရဲ့ ဘဝကလည်း ပြောင်းလဲ လာတယ်တဲ့။ အဲဒီအတိုင်း ကျွန်တော် နေထိုင်လိုက်တဲ့ အခါမှာ တကယ်ပဲ ဖြစ်လာခဲ့တယ်။ စကားပြောတာ ဆိုတာကအစ ပြောင်းလဲလာတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Phyo Myat Aung

ဖြိုးမြတ်အောင် ကိုတော့ Myanmar Idol (Season 3) Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က