အမေများအဖွဲ့ကို (၁၀) သိန်းလှူခဲ့တာပါ။

မေလသံစဉ်ကတော့ သူ့ရဲ့ အနုပညာကြေးတွေအပြင် Shwe FM က ဆုချီးမြှင့်ခဲ့တဲ့ ငွေကြေးတွေကို စုပြီး ဒီနေ့မှာ အလှူလုပ်ခဲ့တာပါ။ 

အဆိုတော် မေလသံစဉ်ကတော့ ဒီနေ့ (ဒီဇင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဝါရင့်သရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့ အမေများ အဖွဲ့အတွက် ငွေကျပ်(၁၀) သိန်းလှူဒါန်းလိုက်ပါတယ်။ 



" ဒီနေ့ အလှူလေးကတော့ မေလ ရွှေ FM က ဆုရတဲ့ ဆုကြေးငွေနဲ့ မေလရဲ့ အနုပညာကြေးတွေစုပြီးတော့ အမေများ အဖွဲ့ကို (၁၀) သိန်း လှူဖြစ်တယ်။ပြီးတော့ Nice Food နဲ့ ပေါင်းပြီးတော့ မုန့်တွေ အပြင် ဆန်တွေ၊ ဆီတွေလည်း လှူဖြစ်သေးတယ်။ မေလက Live Sale တွေကနေ ရတဲ့ အနုပညာကြေးတွေကို ခဏခဏ လှူဖြစ်တယ်။ ဒီတစ်ခေါက်မှာ ကျတော့ အမေများ အဖွဲ့ကို မေလ မလှူဖူးသေးဘူး။ ဒါ့ကြောင့် ဒီနေ့ လာလှူဖြစ်တာပါ" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၆) ရက်နေ့ အလှူမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။ 

ဒီဇင်ဘာလ (၁၂) ရက်နေ့တုန်းက Shwe FM ရဲ့ (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲမှာ မေလသံစဉ်က " ကျောင်းပိတ်ရက်" ဆိုတဲ့ Music Video လေးနဲ့ " Best Music Video" ဆုကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူမအတွက် ဂုဏ်ယူခဲ့ကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ 

မေလသံစဉ်ဟာ Covid ကာလမှာ ရိုက်ခွင့်ရတဲ့ ကြော်ငြာလေးတွေ၊ အွန်လိုင်းကနေ ဈေးရောင်းပေးရတာတွေထဲက ရရှိလာတဲ့ အနုပညာကြေးတွေကို အလှူအတန်းတွေ အမြဲလုပ်လေ့ရှိသူ တစ်ယောက်ပါ။ နောက်ထပ် ဂီတလှုပ်ရှားမှုအနေနဲ့ “ ပြန်လည်ဆန်းသစ် နှောင်းတခေတ်” ဆိုတဲ့ အခွေလေးကို နောက်ဆုံး အနေနဲ့ ထွက်ရှိထားပါတယ်။ ဒီအခွေထဲမှာတော့ သူမက တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သီချင်းလေးတွေကို ခေတ်အနေအထားနဲ့ အဆင်ပြေအောင် ပြန်လည် ဆန်းသစ်ထားတာကိုလည်း တွေ့ရပါတယ်။ 

မေလသံစဉ်ကိုတော့ Melody World 2017 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အသံပါဝါအားကောင်းတဲ့ သီဆိုတတ်ပုံတွေက ပရိသတ်ကို သတိထားမိစေခဲ့ပါတယ်။ မြန်မာသံစဉ်တွေသာမက ခေတ်အကြိုက် Pop သီချင်းချိုချိုလေးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်သူပါ။ ကလေး သရုပ်ဆောင် အနေနဲ့လည်း Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က