အမေက သူ့ကိုပဲ စိတ်ပူနေမှာ။

ချောရတနာဟာ ညီမလေး သန္တာဗိုလ်ကို မိခင်နဲ့ မခြား စောင့်ရှောက်ဖို့အတွက် ကတိပေးထားတယ်လို့ ဆိုပါတယ်။ 

Photo: Chaw Yadanar



သရုပ်ဆောင် ချောရတနာ နဲ့ သန္တာဗိုလ်တို့ရဲ့မိခင်ကတော့ ၂၀၂၀ ခုနှစ် ဧပြီလ အတွင်းမှာ ကွယ်လွန်သွားခဲ့တာပါ။ အခုဆိုရင်တော့ ကွယ်လွန်တာ (၈) လကျော်ခဲ့ပြီဖြစ်ပါတယ်။ မိခင်ရော၊ ဖခင်ရော မရှိတာတဲ့ နောက်မှာ ညီမဖြစ်တဲ့ သန္တာဗိုလ်ကို မိခင်နဲ့ မခြား စောင့်ရှောက်သွားမယ်လို့ ချောရတနာက ဆိုပါတယ်။ 

“ အမေ မရှိတော့တဲ့ အချိန်မှာ ညီမလေးကို ဘယ်လိုစောင့်ရှောက်မလဲဆိုတာမျိုး သီးသန့်ကြီး စဉ်းစားထားတာတော့ မရှိဘူး။ ဒါပေမယ့် အမေ့ထက် မပိုရင်တောင်မှ အမေ့ထက်မလျှော့တဲ့ မေတ္တာတွေနဲ့ ညီမလေးကို အတတ်နိုင်ဆုံး စောင့်ရှောက်ပေးသွားမယ်။ အမေ့ကိုလည်း ကတိပေးထားတယ်။ အခုချိန်မှာ အမေက ညီမလေးကိုပဲ စိတ်ပူမယ်ဆိုတာ သိပါတယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: Chaw Yadanar

ချောရတနာ ဟာ သူမ လိုပဲ ညီမငယ်လေး သန္တာဗိုလ်ကလည်း ရလာတဲ့ အနုပညာကြေးလေးတွေကို မိခင်ကိုပဲ ပေးတယ်လို့ ဆိုပါတယ်။ ငွေကြေး စီမံခန့်ခွဲတာ၊ စုဆောင်းတာနဲ့ ပတ်သက်ပြီး မိခင်ဆီက သင်ယူဖြစ်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

“ အစ်မတို့ ညီအစ်မ နှစ်ယောက်စလုံးက ကံကောင်းတယ်။ ဘာလဲဆိုတော့ ငယ်ငယ်ကတည်းက အနုပညာအလုပ်က ရလာတဲ့ ပိုက်ဆံ အကုန်လုံးကို အမေ့ကိုပဲ အပ်ကြတယ်။ ကိုယ့်ရဲ့ လုပ်အားခလေးကို အမေ့ကို အပ်လိုက်တဲ့ အချိန်မှာ အမေ ပြုံးနေတဲ့ ပီတိက စိတ်ချမ်းသာစရာကောင်းတယ်။ အိမ်ထောင်ကျတော့ အစ်မ ပိုက်ဆံတောင် မကိုင်တတ်ပါဘူးဆို။ ပိုက်ဆံကို ဘယ်လို ခွဲခြမ်းစိတ်ဖြာပြီး သုံးမလဲတောင် မသိဘူး။ ဒါပေမယ့် အမေကတော့ ပိုက်ဆံကို ဘယ်လို သုံးရတယ်၊ ဘယ်လို စုရတယ် ဆိုတာကို အရှေ့ကနေ ပြောပြ သင်ပြပေးသွားတယ်။ အဲဒါတွေကို အခုချိန်မှာ ပြန်ပြီးတော့ အတုယူရတာပေါ့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Chaw Yadanar

 ချောရတနာကလည်း နှစ်ပေါင်း(၂၀) ကျော်အကြာ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ အခုချိန်ထိလည်း အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတုန်းပါပဲ။ သူမဟာ ၂၀၁၂ ခုနှစ်က ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ အိမ်ထောင်ပြုပြီးနောက် အခုဆိုရင် ရင်သွေးလေး နှစ်ယောက် ပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။ ညီမဖြစ်သူ သန္တာဗိုလ်ကလည်း အနုပညာလောကမှာ အောင်မြင်တဲ့ Model တစ်ယောက်အဖြစ် ပရိသတ်အခိုင်အမာ နဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က