စိတ်ဓာတ်ကျခဲ့ရတဲ့အကြောင်းတွေကို ပြောပြပါတယ််။

ဝိုင်းစုခိုင်သိန်းအတွက် ၂၀၂၀ ပြည့်နှစ်က အခက်ခဲဆုံးနဲ့ စိတ်ဓာတ်အကျရဆုံး နှစ်လို့ ဆိုရင်း ဒီကာလကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်ကျော်််််လွှားနေရသလဲဆိုတာကို ပြောပြလာပါတယ်။

အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ ကိုဗစ်ကာလကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းနေရပြီး အရင်လို ပြန်နေထိုင်နိုင်ဖို့ ဆုံးဖြတ်ချက်ချ ကြိုးစားနေတဲ့အကြောင်းကို Duwun နဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။ 



“ ၂၀၂၀ ကတော့ ဘဝမှာ တစ်ခါမှ မဖြတ်သန်းဖူးတဲ့ နေထိုင်မှုကို ဖြတ်သန်းရတယ်။ ငယ်ငယ်ကတည်း ကလည်း အိမ်မှာ ခြေချုပ်မိပြီး တစ်ခါမှ မနေဖူးဘူး။ ဒီကာလက ဝိုင်းစု အတွက် အခက်ခဲဆုံး ကာလပါ။ စိတ်ဓာတ်ကျသွားတာတွေလည်းရှိတော့ ကိုယ့်ဘာသာကိုယ် ပြန်ပြီးတော့ တက်ကြွလာအောင်နေရတယ်။ ကြားထဲမှာ အစားတွေစားတယ်၊ ဝတယ် အခုပြန်ပြီး ဝိတ်ချမယ်။ အရင်လိုပဲ တက်တက်ကြွကြွနဲ့ ပြန်နေမယ်လို့ ဝိုင်းစုဆုံးဖြတ်ချက်ချထားတယ်။ အဲဒီလို နေနိုင်ဖို့လည်း ကိုယ့်ကိုယ်ကိုယ် တွန်းအားပြန်ပေးနေတယ်” လို့ ဆိုပါတယ်။ 

စိတ်ဓာတ်တွေ ကျနေတဲ့ အချိန်မှာ ချစ်သူဖြစ်တဲ့ အဆိုတော် အောင်လကလည်း သူမအတွက် ခွန်အား တစ်ခု ဖြစ်စေခဲ့တယ်လို့လည်း ဝိုင်းစု ခိုင်သန်းက ဆိုပါတယ်။  

“ သူလည်း Strong ဖြစ်တဲ့ဟာ ရှိသလို အစ်မ Strong ဖြစ်တဲ့ဟာလည်း ရှိတယ်။ အလုပ်လုပ်နေရတဲ့ အချိန်ဆိုရင် အစ်မက သူ့ထက် Strong ပိုဖြစ်တာများတယ်။ အစ်မက ခေါင်းကြောမာတာလည်း ပါမယ်။ သူ ပြင်ပေးလို့ ခေါင်းကြောမာတာ မရှိတော့တာပါ။ အစ်မ စိတ်ကို လျှော့ချလိုက်တဲ့ အချိန်မှာလည်း သူက အားပေးပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း ပြန်တွေးပါတယ် အရင်က ငါမဟုတ်တော့ဘူး ဆိုတဲ့ စိတ်နဲ့ အရင်က ဝိုင်းစုခိုင်သိန်းပြန်ဖြစ်အောင် ပြန်ကြိုးစားရမယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

ဝိုင်းစုခိုင်သိန်းဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ၊ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က