သေပြီလို့ ပြောကြတုန်းက စိတ်မကောင်းဖြစ်ခဲ့တယ်။

သရုပ်ဆောင် ဗေလုဝကတော့ ပရိသတ်တွေကို စာပေ၊ အနုပညာ တွေနဲ့ ဖျော်ဖြေပေးနိုင်ဖို့အတွက် ကျန်းမာရေးကောင်းဖို့ အလေးထား ဂရုစိုက်နေတာကို တွေ့ရပါတယ်။ 

Photo: Bay Lu Wa



သရုပ်ဆောင် ဗေလုဝကတော့ ကျန်းမာရေး အခြေအနေကောင်းမွန်လျှက်ရှိပြီး နေအိမ်မှာပဲ မိသားစုနဲ့ အတူတူနေထိုင်တယ်လို့ သိရပါတယ်။ သူဟာ ဦးနှောက်သွေးကြောပိတ်ခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး အခုချိန်မှာ စကားလည်း ကောင်းကောင်းပြောလာနိုင်တာကို တွေ့ရပါတယ်။ ဗေလုဝ အနေနဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါက ဟောပြောပွဲတွေ၊ အနုပညာအလုပ်တွေ ပြန်လုပ်သွားချင်တယ်လို့ Duwun ကို ပြောပါတယ်။ 

“ ကျန်းမာရေး ပြန်ကောင်းလာရင် ဟောပြောပွဲတွေ သွားချင်တယ်။ ဟောပြောရတာ ကြိုက်တယ်။ ပြီးတော့ ဇာတ်ကားတွေလည်း ပြန်ရိုက်မယ်။ အခုတော့ ကျန်းမာရေးက အဓိကပဲ” လို့ သူက ဆိုပါတယ်။ 

Photo: Bay Lu Wa

ဗေလုဝအနေနဲ့ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဒီဇင်ဘာလ (၁၄) ရက်နေ့ ညက သေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် စိတ်မကောင်းဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ 

“ ဦးဗေကတော့ သူသေတယ်ဆိုတဲ့ သတင်းတွေ ထွက်တုန်းက စိတ်မကောင်းဖြစ်တော့ ငိုတာပေါ့လေ။ အန်တီကတော့ ဘယ်လိုမှ သဘောမထားဘူး။ ကိုယ်က စိတ်လည်းမာတယ်။ အခု သူ့ကို သေပြီလို့ သတင်းတွေ ထွက်တုန်းက ငိုတယ်၊ အန်တီကတော့ ဘေးကနေပြီ ယောက်ျားရယ်၊ ကိုယ့် ကျန်းမာရေး ကောင်းနေတာပဲ မငိုပါနဲ့ ဆိုပြီးတော့ ဖြေသိမ့်ပေးခဲ့ရပါတယ်” ဆိုပြီးတော့ ဗေလုဝရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုနိုင်က ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Bay Lu Wa

ဗေလုဝ ဟာ နိုဝင်ဘာလ (၁၇) ရက်နေ့ တုန်းက ဦးနှောက်သွေးကြောပိတ်ခဲ့တဲ့ ရောဂါကြောင့် ပင်လုံဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ နိုဝင်ဘာလ (၂၁) ရက်နေ့မှာတော့ ဆေးရုံကနေ ဆင်းခွင့်ရခဲ့တာဖြစ်ပြီး နေအိမ်မှာ ပဲ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ကျန်းမာရေး အနည်းငယ် ကောင်းမွန်လျှက်ရှိပြီး စကားလည်း ပြန်လည် ပြောဆိုနိုင်တာကို တွေ့ရပါတယ်။ သူဟာ အနုပညာလောကမှာ အကယ်ဒမီဆုရ ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင် ဘက်မှာသာမက စာပေလောကဘက်မှာလည်း စာရေးဆရာ တစ်ယောက်အဖြစ် ထင်ရှားကျော်ကြားသူဆိုလည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က