ပရိသတ်နဲ့ အဆက်မပြတ်သွားအောင်ပါ။

အဆိုတော် G Fatt ကတော့ ဒီဇင်ဘာလအတွင်းမှာ မြင်တွေ့ရမယ့် အနုပညာလှုပ်ရှားမှုလေးတွေနဲ့ ပရိသတ်ကို Surprise လုပ်သွားမှာလို့ ပြောပါတယ်။ 

Photo: G Fatt



အဆိုတော် G Fatt ဟာ သူ့ရဲ့ မွေးလဖြစ်တဲ့ ဒီဇင်ဘာလ လေးမှာ သူဖြစ်ချင်တဲ့ အရာလေးကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါဟာ ပရိသတ်တွေကို Surprise ဖြစ်စေမယ့် အရာတစ်ခုဖြစ်တယ်လို့ Duwun ကို ပြောပါတယ်။ 

“ အခုလက ကျွန်တော့် မွေးလ ဖြစ်နေတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော်က One Man Show လုပ်နေကြ ကာလပေါ့ခင်ဗျာ။ အခုက Covid ကြောင့် လုပ်ဖို့ကလည်း အဆင်မပြေဘူး။ ပရိသတ်နဲ့ ကျွန်တော်နဲ့ ကြားမှာ အဆက်မပြတ်သွားဖို့အတွက် တစ်ခုခု လုပ်ဖို့ကို ပြင်ဆင်နေတယ်။ လွန်ခဲ့တဲ့ (၃) လ၊ (၄) လလောက်ကတည်းက ကျွန်တော် စီစဉ်ထားပြီးသားပါ အကောင်အထည် မပေါ်လာသေးတော့ ကြိုတင်ပြီး ပြောပြလို့ မရသေးဘူး”လို့ သူကဆိုပါတယ်။ 

Photo: G Fatt

G Fatt ရဲ့ မွေးနေ့ကတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖြစ်ပါတယ်။ မွေးနေ့ ညလေးကနေ တဆင့် နှစ်သစ်ကို ဖြတ်သန်းရမယ့် သူ့အတွက်တော့ ၂၀၂၁ မှာ ဖြစ်ချင်တဲ့ အရာတွေကို အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော့် ပရိသတ်တွေကို ကျွန်တော်က အမြဲတမ်း Surprise လုပ်နေကြပါ။ အရင်တုန်းကလည်း ‘ အိပ်ရာဝင် ပုံပြင်’ အပါအဝင် တခြားသီချင်းတွေ အများကြီး ထွက်ခဲ့တယ်။ အခုလည်း သီချင်း အသစ်တွေ ထွက်ဖို့ ကျွန်တော် ကြိုးစားနေတယ်။ ၂၀၂၁ မှာ ကျွန်တော် မသိသေးတဲ့ အရာတွေ အများကြီးရှိသေးတယ်။ ဒါတွေကို လေ့လာမယ်၊ ပြီးတော့ ကျွန်တော်နဲ့အတူ လိုက်ပါစီးမျှောနေမယ့် ပရိသတ်တွေရဲ့ အားကျမှုကို ခံရတဲ့ အနုပညာရှင်ဖြစ်အောင်လည်း ကြိုးစားမယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: G Fatt

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က