မိဘနှစ်ပါးနဲ့ ညီမလေးတွေကို ဘာတွေလုပ်ပေးထားသလဲဆိုတာ မြင့်မြတ်က ထုတ်မပြောပါဘူး။

ယုန်လေးကတော့ ပရိသတ်တွေကြားမှာ ပြန့်နှံ့နေတဲ့ သရုပ်ဆောင်မြင့်မြတ် တို့ရဲ့ မိသားစု အရေးနဲ့ပတ်သက်ပြီး အဖြစ်မှန်ကို ဖွင့်ပြောလာခဲ့ပါတယ်။ 

Photo: Yone Lay



ယုန်လေးဟာ ပရိသတ်တွေ သိထားတဲ့ မြင့်မြင့်ရဲ့ မိသားစု ကိစ္စကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ ဒုက္ခရောက်နေသူတိုင်းကို အမြဲတမ်း ကူညီပေးတတ်တဲ့ သူငယ်ချင်းဖြစ်သူ မြင့်မြတ်က မိဘအပေါ် မသိတတ်၊ မလိမ္မာတဲ့ သားတစ်ယောက် မဟုတ်ကြောင်းကိုလည်း သူက ပြောထားပါသေးတယ်။ 

" လူတိုင်း ကို အမြင်မတော်ရင် ကူညီနေတဲ့ မြင့်မြတ်  သူအဖေ၊ အမေ အရင်းကို ဘာမှ မလုပ်ပေးဘူး။ ကျေးဇူး မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ သေချာစဉ်းစား စေချင်ပါတယ်။ ဝေဖန်တာ မစောစေချင်ပါဘူး။ တစ်လောကလုံးလည်း သူ့စိတ်ထား သူ့စိတ်ဓာတ်သိပါတယ်။ချက်ချင်း ဘယ်သူ့မှ ဝင်မပြောကျတာ မိသားစု ရေးဖြစ်နေလို့ပါ။ မြင့်မြတ်က Fb မသုံးဘူး၊ ပြီးတော့ သူ့အဖေကို ဘယ်အိမ်ဝယ်ပေးလိုက်တယ်၊ အမေကို ဘယ်ကွန်ဒို ဝယ်ပေးလိုက်တယ်။ ညီမလေးတွေကို ဘာ ဆိုင်ဖွင့်ပေးလိုက်တယ်။ သူလူ သိအောင် မပြောပြခဲ့ဖူးလေ။ Excel မှာ အခန်းဝယ်ပေးတယ်၊ ရွှေဂုံတိုင်မှာ ကွန်ဒိုဝယ်ပေးတယ်၊ ဦးအတွက် Crown ဝယ်ပေးတယ်၊ ညီမလေးတွေ အတွက် လုပ်ချင်တဲ့ အလုပ်လေးတွေ၊သူလုပ်ပေးတယ်။ ရင်းနီးပေးတယ်။ လတိုင်း မိသားစုကို ကန်တော့တာ စိတ်ထဲက မှန်းကြည့်ဘယ်လောက်ဖြစ်နိုင်မလဲ။ မှန်းကြည့်တာ ထက် ၃ ဆလောက်များပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Yone Lay

ဒါ့အပြင် မြင့်မြတ်ရဲ့ ဖခင်ဖြစ်သူက ဘာကြောင့် တက္ကစီမောင်းနေရတယ်၊ မြင့်မြတ် ဘာကြောင့် ဖုန်းမကိုင်ဖြစ်သလဲ ဆိုတဲ့ အဖြစ်မှန်ကိုလည်း ယုန်လေးက ပြောပြခဲ့ပါတယ်။ မြင့်မြတ် နဲ့ ပရိသတ်တွေကြားမှာ ဖြစ်ပေါ်နေတဲ့ အထင်လွဲမှုတွေ မရှိစေချင်ဘူးလို့လည်း သူက ဆိုပါတယ်။ 

“ ဦး Taxi မောင်းတာ လည်း ကားဝယ်ကတည်းက နံပတ် အနီဝယ်တာ။ အလုပ်မရှိရင် ပျင်းလို့ ဒီတိုင်း မောင်းနေတာ ကျွန်တော့်ကို ဦးကိုယ်တိုင်ပြောဖူးပါတယ်။ မိသားစု တွေ နားလည်မူ့ ခဏ လွှဲတယ်လို့ပဲမြင်ပါတယ်။ လူတိုင်း မှာ အခက်ခဲ နဲ့ ယှဉ်ဆိုင်နေရသလို Covid အချိန်ကာလ မှာ သူလည်း အခက်ခဲပေါင်းများစွာ ရှိပါတယ်။ စိတ်ညစ်စရာ များစွာရှိပါတယ် ။ အဲ့ဒါကြောင့် အရင် Live မလွှင့် Fb မသုံးတဲ့လူ စိတ်ထွက်ပေါက် အနေနဲ့ သူသီချင်းတွေ အော်ဆိုတယ်၊ ကပြတယ် ၊ အလွတ်ပျော်ပျော်နေတယ် ပရိသတ်လည်း ပျော်တယ် သူလည်းပျော်တယ်၊ Live မှာ တွေ့ရတာလည်း ဒါသူ ဘဝ ပုံစံပဲ အထာမရှိဘူး ပေါ့ပါးတယ်။ အနုပညာအရည်ချင်း ခမ်းနားတယ် နေတာထိုင်တာ မခမ်းနားဘူး  ညပ်ဖိနပ် နဲ့ ဘောင်းဘီတိုပဲ။ ဒါပဲလေ သူ့ဆီမှာလည်း စိတ်ရူပ်စရာတွေ အရမ်းများပါတယ်။ ကျွန်တော်ပြောလည်း စိတ်ညစ်တာပဲ ရှိမှာပါဆိုပြီး သူပြောနေကျစကားပြောပြီး အမြဲတမ်းရယ်၊ အဲ့ဒါကြောင့် သူဖုန်းပိတ်ထားတာများပါတယ်။ ဘယ်မှလည်း မသွားဘူး။ အိမ်မှာပဲ ရှိပါတယ်။ ကျွန်တော်တို့ တွေ့ချင်လည်း အိမ်ပဲသွားတာ အရေးကြီးတဲ့ အချိန် ဆက်မယ်ဆိုလည်းဘယ်သူဆက်ဆက် Manager နဲ့ သူ့ဘေးနားရှိတဲ့ ညီလေးဆီ ဆက်ရင်မြင့်မြတ်ကိုယ်တိုင်မကိုင်တာမှ မရှိတာ။ လူများကိုတော့ ထင်သလို မဟုတ်ပါဖူးလို့ပဲ အတိကျပြောချင်ပါတယ်ခင်ဗျ။ ကျွန်တော်လည်း ဘယ်ကိစ္စမှ မပါတော့တာကြာပါပြီ။ မြင့်မြတ်ကိစ္စကတော့ ဘာဖြစ်နေနေ ကျွန်တော်တို့ သူ့ဘက်က အပြည့်ဝ ရပ်တည်ပြီးသားပါ။ တကယ်လည်း ကျွန်တော် ပြောတာတွေ အမှန်တရားတွေကြီးပါပဲ။ အားလုံး ကျေးဇူးတင်ပါတယ်။ မြင့်မြတ်က နာမည်နဲ့လိုက်အောင်  မြင့်မြတ်ပါတယ် အားလုံး Peace"လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Yone Lay

လက်ရှိမှာတော့ သရုပ်ဆောင် မြင့်မြတ်ကိုယ်တိုင်ကလည်း ဘာမှ ဖွင့်ပြောပြထားတာ မရှိသေးပါဘူး။ မြင့်မြတ်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်ရော၊ မိသားစုအရေးနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူ တစ်ဦးပါ။ သူ့ အနေနဲ့ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားတာ တွေ့ရပြီး ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရတဲ့ ဇနီးဖြစ်သူနဲ့ သားကြီး မြတ်သူတို့ကို ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။ မြင့်မြတ်အပေါ် ပရိသတ်တွေ အထင်လွဲမှာကို စိုးရိမ်ပြီး ရင်ဖွင့်လာတဲ့ ယုန်လေးဟာ မြင့်မြတ်အတွက် အချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ဦးဖြစ်ပါတယ်။ နှစ်ယောက်အတူတွဲပြီး အနုပညာအလုပ်တွေ လုပ်နေကြသလို အနုပညာအရေးသာမက ပုဂ္ဂိုလ်ရေး အရမှာလည်း အရမ်းကို ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က