The Voice Myanmar (Season-3) Winner ဆုရှင်ပါ။

N Oo L ကတော့ အနုပညာနဲ့ ပတ်သက်လာရင် သူဝါသနာပါတဲ့ အရာတွေကို ရှေ့ဆက် လုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။ 

Photo: N Oo L



N Oo L ကတော့ The Voice Myanmar (Season-3) ရဲ့ Winner ဆုကြီးကို ပိုင်ဆိုင်သွားတဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပါတယ်။ မမျှော်လင့်ပဲ ဒီဆုကို ရရှိခဲ့တဲ့ အပေါ်မှာလည်း ဝမ်းသာနေမိတယ်လို့ ဆိုပါတယ်။ ဆုရရှိထားတဲ့ ငွေကြေးတွေကို ဘာတွေ ဆက်လုပ်သွားမလဲဆိုတာကို Duwun ပရိသတ်တွေအတွက် အခုလို ပြောပြခဲ့ပါတယ်။ 

“ Winner ဆုကို ရသွားတော့ တကယ်ကိုပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ လုံးဝလည်း ထင်မထားဘူး။ ဆုရတဲ့ ငွေတွေကိုတော့ ဘာလုပ်ရမလဲဆိုတာ ခေါင်းထဲမှာ မတွေးမိသေးပါဘူး။ ဒါပေမယ့် ဒီကြားထဲမှာတော့ ကျွန်တော် Single Song လေးတွေ ထွက်ဖြစ်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီသီချင်းလေးကိုတော့ ကျွန်တော့် အိမ်က စတူဒီယိုလေးမှာပဲ လုပ်ကြ၊ ကိုင်ကြရင်းနဲ့ ရိုက်တာဆိုတော့ ဒီဗီဒီယိုလေး တင်ပေးဖို့တော့ ရှိပါတယ်။ ကျွန်တော့်ရဲ့ ဝါသနာအရင်းကတော့ သီချင်းပေါ့နော်။ ကဗျာလည်း ရေးတယ်၊ ဒါပေမယ့် အနုပညာနဲ့ ပတ်သက်ပြီး ကိုယ်စိတ်ပါတဲ့ အရာလေးတွေကို စမ်းလုပ်ကြည့်နေတာ ဖြစ်တဲ့အတွက် သီချင်းလည်း ဆိုမယ်၊ ကဗျာလည်း ရေးသွားဦးမှာပါ” လို့ သူက ဆိုပါတယ်။ 

Photo: N Oo L

N Oo L ဟာ The Voice Myanmar (Season-3) ပြိုင်ပွဲတုန်းက Team R Zar Ni အဖွဲ့ထဲကနေ ကြိုးစားယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ Winner ဆုရသွားတဲ့ သူ့ကိုလည်း R ဇာနည်က ဂုဏ်ပြုစကားတွေ ပြောခဲ့သလို ဂီတလှုပ်ရှားမှုတွေ အဆက်မပြတ်သွားစေဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ 

“ ဆုရသွားတဲ့ ညတုန်းက ကို R ဇာနည်နဲ့ ဖုန်းတွေ ပြောဖြစ်တယ်၊ ရှေ့ဆက်ပြီးတော့ ဘာတွေ ဆက်လုပ်ကြမလဲ။ အစ်ကို့ဆီက အကြံဉာဏ်တွေလည်းရတယ်။ ဂီတအလုပ်ကို ဒီတစ်ခုတည်းနဲ့တင် ရပ်မသွားဖို့၊ ရှေ့ဆက်ပြီးတော့ ဘယ်လို ဂီတအမျိုးအစားတွေ ဆက်လုပ်သွားဖို့၊ သီချင်းတွေကို ဘယ်လို ပုံစံနဲ့ ထွက်ဖို့၊ အစ်ကို့ ဘက်ကလည်း ကူညီပေးသွားဖို့ အကြောင်းလေးတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: N Oo L

 N Oo L ကတော့ Winner ဆု အနေနဲ့ ဆုကြေးငွေ သိန်းနှစ်ရာ ၊ FG Entertainment နဲ့ သီချင်းခွေ ထုတ်ခွင့်ရမှာ ဖြစ်သလို MG Brand ကားတစ်စီးကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ သူဟာ The Voice Myanmar (Season-3) ရဲ့ Final Round မှာ " ခရီးသွား မီးခိုးတန်းများ" ၊ " ပလက်ဖောင်းမင်းသား" စတဲ့ တေးသီချင်းတွေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က