လူကြီးဆုံးဖြတ်ချက်လေးတွေ ချခဲ့ရတယ်။

ဒိုရာအဲလက်စ်ကတော့ ကိုဗစ်ကာလကြောင့် တွေ့ကြုံခဲ့ရတာတွေကို ရင်ဆိုင်ရင်း ကိုယ်တိုင်လည်း ရင့်ကျက်ပြောင်းလဲလာတဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ 

Photo: Dora Alex



ဒိုရာအဲလက်စ်ကတော့ အဆိုတော် အဲလက်စ်ရဲ့ သမီးငယ်လေးဖြစ်သလို ဆယ်ကျော်သက်အ ရွယ်သာရှိသေးတဲ့ အဆိုတော် ပေါက်စလေးတစ်ယောက်ဖြစ်ပါတယ်။ သူမက နိုင်ငံခြားမှာ ပညာသင်ကြားနေသူဖြစ်ပြီး ပညာရေး၊ စီးပွားရေး စတာတွေကို ကိုယ်တိုင်ဆုံးဖြတ်ချက် ချခဲ့ရလို့ ရင့်ကျက်နေပြီလို့ ဆိုပါတယ်။ 

“ ကိုယ့်အသက်အရွယ်အရ ရင့်ကျက်လာပြီလို့လည်းမြင်တယ်။ ဒီနှစ်ထဲမှာဆိုရင် အတွေ့အကြုံတွေ အများကြီးရတယ်။ ကိုဗစ်ဖြစ်သွားတဲ့ အခါကျတော့ ပြောင်းလဲမှုတွေကို အရမ်း ရင်ဆိုင်ရတယ်။ နိုင်ငံခြားမှာ အလုပ်လည်း လုပ်နေရတဲ့ သူအနေနဲ့ကိုယ့် မြန်မာနိုင်ငံကို ပြန်လာဖို့ စဉ်းစားရတာတွေ အများကြီးပဲ။ ပြီးတော့ ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်နိုင်ငံကနေ ကိုယ့်ကျောင်း သွားတက်ရတဲ့ နိုင်ငံကိုလည်း သွားရတယ်။ US ကနေ မြန်မာပြည်ကိုပြန်လာ၊ မြန်မာပြည်ကနေ ဆွစ်ဇလန်ကို ပြန်သွား၊ ဆွစ်ဇလန်ကနေ မြန်မာပြည်ကို ပြန်လာရတယ်ပေါ့။ တစ်နှစ်အတွင်းမှာ လုပ်လိုက်ရတာဆိုတော့ တွေးရတာတွေက အများကြီးပဲလေ။လူကြီး ဆုံးဖြတ်ချက်လေးတွေကို ဒီနှစ်မှာ လုပ်လိုက်ရတဲ့အတွက် ရင့်ကျက်လာပြီလို့မြင်တယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: Dora Alex

ဒိုရာအဲလက်စ်ဟာ ဆွစ်ဇလန်က ကျောင်းပိတ်ရက်တိုင်း မြန်မာနိုင်ငံကို ပြန်လာပြီး ဂီတအလုပ်လေးတွေ လုပ်လေ့ရှိပါတယ်။ ဂီတလမ်းကြောင်းထဲကို တဖြည်းဖြည်း ဝင်ရောက်လာတဲ့ သူမဟာ ဖခင်ဖြစ်သူနဲ့ တွဲဖက်ပြီး သီချင်းတွေ လုပ်ဖို့ အစီအစဉ် ရှိ မရှိဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ 

“ အဖေနဲ့ သီချင်းတွဲလုပ်ဖို့ဆိုတာ မရှိဘူးထင်တယ်။ အဖေ့ဘက်ကလည်း မရှိလောက်ဘူးလို့ ထင်တာပဲ။ သီချင်းပုံစံသွားတဲ့ လိုင်းပဲ မတူလို့လား၊ မကြိုက်လို့လား၊ အနုပညာအရ မတူလို့လားတော့ မသိဘူး။ သီချင်း အတူတူ လုပ်ဖို့ဆိုတာက အဖေက စဉ်းစားလား၊ မစဉ်းစားလားတော့ မသိဘူး။ ဒိုရာကတော့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Dora Alex

ဒိုရာအဲလက်စ်ရဲ့ ဂီတလှုပ်ရှားမှုတွေကတော့ ၂၀၁၈ ခုနှစ်တုန်းက First Things First ဆိုတဲ့ Album လေး ထွက်ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မှာတော့ ဂီတလှုပ်ရှားမှု အနေနဲ့ " နေဝင်ချိန်" ဆိုတဲ့ Single Song လေး ထွက်ရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ ဆွစ်ဇလန်နိုင်ငံ Lausanne မြို့မှာ ပညာသင်ကြားနေသူဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မိသားစု အတူတူ ကြော်ငြာရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က