သာမန်အတွဲလေးပါပဲတဲ့။

ကျော်ထွဋ်ဆွေကတော့ ချစ်ရသူလေး နန်းသူဇာနဲ့ အချစ်ရေးခရီးလမ်းလေးကို စိတ်တူကိုယ်တူဖြတ်သန်းနေတဲ့ အမှတ်တရကို ပြောပြခဲ့ပါတယ်။ 

Photo: Kyaw Htut Swe



အနုပညာရှင် စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ စုံတွဲလေးကတော့ ပရိသတ်သိပြီးသား စုံတွဲလေးပါပဲ။ ဒါပေမယ့် (၁၀) စုနှစ် နီးပါး ကြာလာတဲ့ သူတို့ရဲ့ အချစ်ရေး ဖြတ်သန်းပုံတွေကို ကျော်ထွဋ်ဆွေက အခုလို ပြောပြခဲ့ပါတယ်။ 

" ကျွန်တော်တို့နှစ်ယောက်လုံးဘဝက ရိုးရှင်းပါတယ်။ပျော်သလိုပဲနေတတ်တယ်၊ လူတိုင်းကိုလည်း ခင်တတ်တယ်၊ အနုပညာကိစ္စတွေဆိုလည်း တော်ရုံတန်ရုံပဲ။ ငွေရေးကြေးရေးလည်း သိပ်မပြောတတ်ဘူး၊ အများကြီးတောင်းရမှာလည်း အားနာတတ်တယ်။ မိတ်ဆွေသူငယ်ချင်းတွေကိုဆို 

အလကားတောင် ကူညီပေးဖြစ်တာများပါတယ်။ ဘဝကိုရိုးရိုးလေးပဲဖြတ်သန်းဖြစ်ပါတယ်။( ကောင်လေးဘက်ကတော့ တစ်ခါတစ်လေ ပွေးတာပေါ့ဗျာ။ ကောင်မလေးက ကောင်လေးကိုပဲ ပြဿနာ ရှာပြီး ချော့လိုက် ကောက်လိုက်ပေါ့) သာမာန် လူတွေထဲက အတွဲလေးတစ်တွဲ ပါပဲ" ဆိုပြီးတော့ ဒီဇင်ဘာလ (၂၈) ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

Photo: Kyaw Htut Swe

ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲ တစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ Relationship ကို ၂၀၁၁ ခုနှစ်ကတည်းက ပရိသတ်တွေ ကို ချပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွား အစီအစဉ်တစ်ခုဖြစ်တဲ့ Let's Go ခရီးသွားအစီအစဉ်တွေမှာလည်း အတူတူ ပါဝင်ခဲ့ကြပါတယ်။ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြသူတွေ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီမှုတွေနဲ့ပဲ ရှေ့ဆက်လျှောက်နေတယ်လို့ သိရပါတယ်။ 

Photo: Kyaw Htut Swe

ကျော်ထွဋ်ဆွေကိုတော့ Rapper တစ်ယောက် အနေနဲ့ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ Hip Hop အခွေတွေ၊ Hip Hop Show ပွဲတွေမှာလည်း ပါဝင်သီဆိုခဲ့ရတဲ့ အဆိုတော် တစ်ဦးဖြစ်သလို ၂၀၁၈ ခုနှစ်က ဂျောက်ဂျက် နဲ့ ကျော်ထွဋ်ဆွေ ဆိုပြီးတော့လည်း Mini Concert ပွဲလေး လုပ်ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျော်ထွဋ်ဆွေဟာ ဂီတလှုပ်ရှားမှုတွေက ပရိသတ်နဲ့ အနည်းငယ် ဝေးကွာ နေခဲ့တာကို တွေ့ရပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က